Myanmar Encyclopedia

ကရဝိက်ငှက် ။ ။ မူလအမည်မှာ ပါဠိဘာသာဖြင့် 'ကရဝိက' ဖြစ်သည်။ မြန်မာမှုပြု၍ 'ကရဝိက်' ဟု ခေါ် တွင်သည်။ ကရဝိက်ငှက်သည် ဟိမဝန္တာ ဥသြတစ်မျိုး ဖြစ်သည်ဟု ဆိုသည်။ အလွန်သာယာသော အသံများကို ကရဝိက်သံ၊ ကြိုးကြာသံများနှင့် နှိုင်းယှဉ်လေ့ရှိခြင်းကိုထောက်သော် ကရဝိက်ငှက်သည် အလွန်အသံသာသော ငှက်မျိုးဖြစ်ဟန်တူသည်။

ဤငှက်၏ ဥခြင်းနှင့် အသိုက်ဆောက်ခြင်း အလေ့ အထများကိုလည်း မည်သူမျှ တပ်အပ်သေချာစွာ မသိကြ ပေ။ (ကရဝိက်ဖောင်- ရှု။)

ပင်မစာမျက်နှာသို့