ကလိုရင်း။ ။ ကလိုရင်းသည် စိမ်းဝါရောင်ရှိပြီး အနံ့ဆိုး သော အဆိပ်ဓာတ်ငွေ့ဖြစ်၏။ ကလိုရင်းကို ရှူရှိုက်မိလျှင် နှာခေါင်း၊ လည်ချောင်း၊ အဆုတ်တို့တွင် ယားယံမှု ဖြစ်သည်။ သို့သော် ဆိုဒီယမ်သတ္တုနှင့် ပေါင်းစည်းသော အခါ ဆိုဒီယမ်ကလိုရိုက်ဖြစ်ပေါ်ပြီး ယင်းသည် မရှိမဖြစ် သော ဟင်းချက်ဆားဖြစ်၏။ ကလိုရင်းသည် ဒြပ်စင်တစ်ခု ဖြစ်ကြောင်း ဆာဟမ်ဖရီ ဒေဗီက ဖော်ထုတ်ခဲ့သည်။
သဘာဝအလျောက် ဖြစ်ပေါ်နေသော သီးသန့် ကလိုရင်း မရှိဘဲ ဒြပ်ပေါင်းများအဖြစ်သာ ကလိုရင်းကို တွေ့ရသည်။ သတ္တုကလိုရိုက်များအနက် ဆိုဒီယမ် ကလို ရိုက်ကို အပေါများဆုံး တွေ့ရသည်။ ပင်လယ်ရေထဲမှ ဆားအပြင် ဆားတွင်းများ၊ ဆားသောင်ပြင်များတွင် တွေ့ ရှိနိုင်သည်။ ကလိုရင်းကို ရေထဲထည့်လျှင် ဘက်တီးရီး ယားများကို သေစေသည့်အတွက် သောက်သုံးရေ ဖြန့်ဝေ ရာတွင် ကလိုရင်းရည် လောင်းထည့်ပေးလေ့ရှိသည်။ အချို့သူများက ရေကူးကန်တွင် ကလိုရင်းရည် ထည့်ပြီး ရေကို သန့်စင်စေသည်။ အလင်းရောင်အောက်တွင် ကလိုရင်းနှင့် ဟိုက်ဒရိုဂျင်ထိတွေ့ပါက ပေါက်ကွဲမှုဖြစ်ပြီး ဟိုက်ဒရိုဂျင် ကလိုရိုက် ဖြစ်ပေါ်သည်။ ရေတွင် ဟိုက် ဒရိုဂျင် ကလိုရိုက် ပျော်ဝင်သောအခါ ဟိုက်ဒရိုကလိုရစ် အက်စစ်ဖြစ်၏။ ဟိုက်ဒရိုကလိုရစ်အက်စစ်ကို သတ္တုများ သန့်စင်ရာတွင်လည်းကောင်း၊ ဆေးဆိုးလုပ်ငန်းတွင် လည်းကောင်း အသုံးပြုသည်။ ကလိုရင်းကို ဆိုဒီယမ် ဟိုက်ဒရော့ဆိုက်တွင် ပျော်ဝင်စေသောအခါ ဆိုဒီယမ် ကလိုရိုက်နှင့် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်ကို ရရှိသည်။ ယင်းအနှောကို အရောင်ချွတ် ဆေးရည်အဖြစ်လည်း ကောင်း၊ ရောဂါပိုးသန့် ဆေးရည်အဖြစ်လည်းကောင်း သုံးစွဲ၏။ ကလိုရင်းကို စက္ကူနှင့် ပလတ်စတစ် ထုတ်လုပ် ရာတွင် အသုံးပြုသည့်အပြင် ပိုးသတ်ဆေးရည်နှင့် ဆေး ကြော သန့်စင်ရည်အဖြစ်လည်း ထည့်သွင်းအသုံးပြုသည်။ ဆေးဝါး၊ သုတ်ဆေးများနှင့် ရေနံထွက်ပစ္စည်းများ ထုတ် လုပ်ရာတွင် ကလိုရင်းကို အသုံးပြုသည်။
ကလိုရင်းသည် ဟေလိုဂျင်ခေါ် ဒြပ်စင်အုပ်စုဝင် ဖြစ်ပြီး အလွန်ဓာတ်ပြုလွယ်သော ဒြပ်စင်ဖြစ်၏။ အခြား ဒြပ်စင်များမှ အီလက်ထရွန်များကို ဆွဲယူ ပေါင်းစပ်သော အစွမ်းကြောင့် အောက်ဆီဒိုက်လုပ်ပေးသော ဓာတု စွမ်းအား ကြီးမားသည်။ ကလိုရင်း၏ ဓာတုသင်္ကေတမှာ CI ဖြစ်ပြီး အက်တမ်နံပါတ် ၁၇ ဖြစ်သည်။ အက်တမ် အလေး ၃.၄၅၃ ဖြစ်သည်။ ကလိုရင်းဓာတ်ငွေ့ကို အအေး ခံလျှင် အပူချိန် –၃၄.ဝ၅ ဒီဂရီဆဲလ်ရှပ်၌ အရည်ဖွဲ့ပြီး -၁၀ဝ.၉၅ ဒီဂရီ ဆဲလ်ရှပ်တွင် ခဲသည်။
ဆားရည်တွင် လျှပ်စီးဖြတ်စေပြီး ဆိုဒီယမ်ကလိုရိုက် ကို ဖြိုခွဲသော အီလက်ထရိုလိုက်ဆစ် စစ်နည်းဖြင့် ကလိုရင်းအမြောက်အမြား ထုတ်လုပ်သည်။