Myanmar Encyclopedia

ကလိုရိုဖီး။ ။ ကလိုရိုဖီးသည် သစ်ရွက်များတွင် တွေ့ရ သော အစိမ်းရောင်ပစ္စည်းဖြစ်သည်။ ကလိုရိုဖီးက နေရောင်ခြည်ကိုဖမ်းယူပြီး ဖိုတိုစင်းသစစ်ခေါ် အလင်း ဖြင့် အစာဖွဲ့စည်းခြင်းအလုပ်ကို လုပ်ပေးသည်။ အယ် လဂျေးခေါ် ရေညှိနှင့် အချို့သော ဘက်တီးရီးယားများတွင် လည်း ကလိုရိုဖီးကို တွေ့ရသည်။ အလင်းရောင် မရရှိလျှင် အပင်အများစုသည် ကလိုရိုဖီးကို ထုတ်လုပ်ခြင်း မပြုနိုင် သည့်အတွက် အလင်းရောင်မရသော အပင်များသည် အဝါရောင်သို့ ပြောင်းပြီး အစိမ်းရောင်ကင်းသည်။

ကလိုရိုဖီးသည် ဆဲလ်အတွင်းတွင် တည်ရှိသော သိုင်လာကွိုက်ခေါ် အမြှေးပါးချပ်ပြားကလေးများ ဖြစ်၏။ သိုင်လာကွိုက်များသည် ဆဲလ်၏အစိတ်အပိုင်းဖြစ်သော ကလိုရိုပလပ်များအတွင်း၌ ပါဝင်၏။ အရွက်များတွင် ပါဝင်သော ကလိုရိုပလပ်များက အပင်အတွက် မလုပ် မဖြစ်လိုအပ်သော ဖိုတိုစင်းသစစ်ဖြင့် အစာချက်လုပ်ကြ သည်။ ကလိုရိုဖီးက ဖမ်းယူလိုက်သော အလင်းစွမ်းအင် သည် အဆင့်ဆင့်လမ်းကြောင်းဖြင့် သိုင်လာကွိုက်များ အတွင်း ဓာတ်ပြုဌာနများသို့ ရောက်သွား၏။ ဓာတ်ပြုဌာန များက အီလက်ထရွန်အပိုသယ် မော်လီကျူးများနှင့် တွဲပြီး အလင်းစွမ်းအင်ကို ဓာတုစွမ်းအင်အဖြစ် အသွင် ပြောင်းပေးသည်။ ထိုဖြစ်စဉ်မှ အောက်ဆီဂျင် ထွက်လာ သည်။ ဓာတုစွမ်းအင်ကို အသုံးပြုပြီး လေထဲမှ ကာဗွန်ဒိုင် အောက်ဆိုက်ကို ဖမ်းယူသည်။ ဖမ်းယူသော ကာဗွန်ဒိုင် အောက်ဆိုက်နှင့် အဆင့်ဆင့်ဖြစ်စဉ်မှ သကြား၊ ကစီ၊ အဆီ၊ ပရိုတင်းနှင့် ဗီတာမင် အစရှိသော အပင်၏ အာဟာရများ ဖြစ်ပေါ်လာသည်။

ကလိုရိုဖီး အမျိုးမျိုးရှိသည်။ အပင်များတွင် အများ ဆုံးတွေ့ရသော အမျိုးအစားများမှာ ကလိုရိုဖီးအေနှင့် ကလိုရိုဖီးဘီ ဖြစ်၏။ ဤကလိုရိုဖီးများက နေရောင်ခြည် တွင် ပါဝင်သော လှိုင်းရှည်အပိုင်း (အနီအလင်း)နှင့် လှိုင်း တိုအပိုင်း (ခရမ်း-အပြာ အလင်း) အများစုကို စုပ်ယူသည်။ အလယ်အလတ် လှိုင်းအလျားဖြစ်သော အစိမ်းရောင် အလင်းကိုမူ စုပ်ယူနိုင်စွမ်း နည်း၏။ အစိမ်းရောင် အလင်းကို စုပ်ယူခြင်း မပြုသည့်အတွက် ထိုအလင်းသည် ပြန်ထွက်ပြီး အရွက်၏ အစိမ်းရောင်ကို မြင်ရခြင်းဖြစ်၏။ အချို့သော ဘက်တီးရီးယားများသည် အပင်များကဲ့သို့ ပင် ကိုယ်ပိုင်အစာကို ဖိုတိုစင်းသစစ်ဖြင့် ချက်လုပ်၏။ ၎င်းဘက်တီးရီးယားများတွင် လှိုင်းအလျားရှည်သော အင်ဖရာရက်ရောင်ခြည်ကို စုပ်ယူနိုင်စွမ်းသည့် ထူးခြား သော ကလိုရိုဖီးများရှိသည်။ အင်ဖရာရက် (အနီအောက် ရောင်ခြည်) သည် မျက်စိဖြင့် မမြင်နိုင်သော အလင်းတန်း ဖြစ်၏။ ကလိုရိုဖီးကို သန့်ထုတ်ပြီး အခြောက်ခံလျှင် အပြာ သို့မဟုတ် အစိမ်းပုပ်ရောင် အမှုန့်သဏ္ဌာန် တွေ့ရ သည်။

ပင်မစာမျက်နှာသို့