ကလီယိုပါးထရား ကျောက်တိုင် ။ ။ ရှေးနှစ်ပေါင်း ၃၅၀ဝ ခန့်က အီဂျစ်နိုင်ငံတွင် တတိယ သော့သမီးဘုရင် ကြီးသည် ဟီလီယိုပိုလစ်မြို့၌ စံနေတော်မူခဲ့၏။ ဟီလီယို ပိုလစ်၏ အဓိပ္ပာယ်မှာ ရေမြို့တော်ဖြစ်လေသည်။
သော့သမီးဘုရင်သည် နိုင်းမြစ်ပေါ်ရှိ အက်ဆွမ်းမြို့ အနီး ဆိုင်အီးနီးကျောက်ကျင်းများမှ တန်ချိန် ၂၀ဝ ခန့်စီ ရှိသော အလွန်ကြီးမား ရှည်လျားသည့် လုံးချင်း ကျောက်တိုင် တစ်စုံကို တူးယူစေ၍ မြစ်သို့ အရောက် သူ့၏ကျေးကျွန်များကို ဆွဲယူစေခဲ့၏။
ထို့နောက် မြို့တော်သို့ရောက်အောင် မြစ်ကြောင်း တစ်လျှောက် ဖောင်ဖြင့် မျှောယူခဲ့သည်။ မြို့တော်သို့ ရောက်သောအခါ ဘုရင်၏ဘုန်းတန်ခိုး ထင်ရှားစေရန်နှင့် နေနတ်သားကို ပူဇော်ပသရန် ထိုကျောက်တိုင်ကြီးများကို စိုက်ထူစေခဲ့လေသည်။ ထိုကျောက်တိုင်ကြီးများကို ကလီယိုပါးထရား ဇာထိုးအပ်များဟူ၍ ခေါ်ဝေါ်သမုတ် ကြသော်လည်း ထိုဘုရင်မနှင့် တစ်စုံတစ်ရာ မသက်ဆိုင် ပေ။ ထိုကျောက်တိုင်များသည် လေးမြှောင့်ဖြစ်ပြီး အဖျား ဘက်သို့ ရှူးသွားကာ ချွန်နေသဖြင့် ဇာထိုးအပ်ဟု တင်စား၍ ခေါ်ခြင်း ဖြစ်လေသည်။
အော်ဂပ်စတပ်ဘုရင်လက်ထက်သို့ ရောက်သော အခါ ထိုကျောက်တိုင်ကြီးများကို အလက်ဇန္ဒြီးယားမြို့ရှိ နန်းတော်သို့ ရွှေ့ပြောင်းစိုက်ထူထားခဲ့သည်။ ထိုမြို့တွင် နှစ်ပေါင်း ၂၀ဝ၀ နီးပါးမျှ တည်နေခဲ့ပြီးနောက် မြေဖုံး သွားရာ ထိုကျောက်တိုင်များသည် နှစ်ပေါင်းအတန်ကြာမျှ တိမ်မြုပ်နေခဲ့လေသည်။ ၁၈၀၁ ခုနှစ်သို့ရောက်မှ ဆာရပ် အက်ဗာ ကရွမ်ဗီက ထိုကျောက်တိုင်ကြီးများကို တူးဖော် ကာ အင်္ဂလန်သို့ ယူဆောင်ပြီး အောင်မြင်မှု အထိမ်း အမှတ် ကျောက်တိုင်အဖြစ် စိုက်ထူရန် ကြံစည်ခဲ့သည်။
သို့သော် ဆာရပ်၏အကြံအစည် မအောင်မြင်ခဲ့ပေ။ ထုထည်ကြီးမား၍ ရှည်လျားသော ကျောက်တိုင်ကြီးကို အီဂျစ်နိုင်ငံမှ အင်္ဂလန်သို့ သယ်ယူသွားရန်မှာ မလွယ်ကူ လှပေ။ အင်္ဂလန်တွင် စတုတ္ထဂျော့ဘုရင် နန်းတက်စဉ်က အီဂျစ်ဘုရင်ခံ မေဟီမတ်အလီသည် နန်းတက်ပွဲအထိမ်း အမှတ် လက်ဆောင်အဖြစ် ထိုကျောက်တိုင်ကြီးကို ဂျော့ ဘုရင်အား ပေးအပ်ဖူးရာ ဂျော့ဘုရင်က ငြင်းပယ်ခဲ့သည်။ ၁၈၇၇ ခုနှစ်သို့ ရောက်သောအခါ ဆာအီရက် ဇမတ် ဝီလဆန်ဆိုသူက စရိတ်ကြေးငွေ စိုက်ထုတ်ပေးသဖြင့် ဆာ ဂျိမ်းအလက်ဇန္ဒားသည် ထိုကျောက်တိုင်ကြီးကို အင်္ဂလန်သို့ သယ်ယူခဲ့သည်။
ထိုကျောက်တိုင်ကြီးကို အလွန်ခဲယဉ်းစွာ သယ်ယူခဲ့ ရသည်။ အလက်ဇန္ဒြီးယားမြို့ဆိပ်ကမ်းတွင် ကျောက်တိုင် ကိုငုံ၍ ပြောင်းသဏ္ဌာန် အခေါင်းရှည် အိမ်သေတ္တာကြီး ပြုလုပ်ပြီးလျှင် အောက်တွင် သင်္ဘောဧရာကဲ့သို့ ဧရာခံ ပေးပြီးနောက် တက်မလည်း တပ်ဆင်ပေးရသည်။ ထို ကျောက်တိုင်ကို လူခြောက်ယောက်ထိန်းလျက် မီး သင်္ဘောနှစ်စင်းဖြင့် ဆွဲယူရန် စီစဉ်ခဲ့လေသည်။
လမ်းတွင် အခက်အခဲမျိုးစုံကို ကျော်ဖြတ်သယ်ယူ ခဲ့ရာ အင်္ဂလန်သို့မရောက်မီ လမ်းခရီး၌ ဘစ်စကေး
ပင်လယ်အော်သို့ ရောက်သောအခါ လှိုင်းလေအလွန် ပြင်းထန်သဖြင့် ဆွဲယူလာသောသင်္ဘောသည် ကြိုးကို ဖြတ်၍ ထိုသေတ္တာရှည်ကြီးကို မျှောလိုက်ရသည်။ သို့သော် ကံအားလျော်စွာ အခြားအင်္ဂလိပ်သင်္ဘောတစ်စင်း က တွေ့၍ ဆွဲယူလာသဖြင့် ထိုကျောက်တိုင်ကြီးသည် အင်္ဂလန်သို့ ချောမောစွာ ဆိုက်ရောက်သွားလေသည်။
ထိုကျောက်တိုင်ကြီးသည် အလျား ၆၈ ပေခွဲ ရှည်၍ တန်ချိန် ၁၈၆ တန်ခန့်ရှိပြီး နှင်းဆီနီသွေးရှိသော နှမ်းဖတ် ကျောက်မျိုးဖြစ်သည်။ ထိုကျောက်တိုင်ကို လန်ဒန်မြို့ရှိ ဝိတိုရိယတာပေါ်တွင် ၁၈၇၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၌ စိုက်ထူပြီးလျှင် အောက်ခုံ တစ်ဖက်တစ်ချက်၌ ကြေးညို စဖင့်ရုပ်တစ်ရုပ်စီ ထားရှိသည်။
အီဂျစ်နိုင်ငံ၌ ကျန်ရစ်ခဲ့သော အလားတူ ကျောက် တိုင်တစ်ခုကို အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ၁၈၇၉ ခုနှစ်တွင် ယူဆောင်လျက် ၁၈၈၁ ခုနှစ်တွင် စင် ထရယ်ပက် ဥယျာဉ်အတွင်း၌ စိုက်ထူထားခဲ့သည်။ ထို ကျောက်တိုင်မှာ ၆၇ ပေခန့် မြင့်သည်။