ကလီမင့်၊ စိန့် (အေဒီ ၁၀၁ ခန့်) ။ ။ ပထမမြောက် ကလီမင့်ကို အေဒီ ၉၂ ခန့်တွင် ပုပ်ရဟန်းမင်းအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ သူတော်စင် စိန့်ပီတာ ပြီး နောက် ရောမသာသနာပိုင်အဖြစ် တတိယမြောက် ဆက်ခံသူဟူ၍ အသိအမှတ်ပြုကြသည်။ အေဒီ ၉၆ တွင် ကောရိန္သုအသင်းတော်သို့ ရေးခဲ့သောစာကြောင့် ကလီ မင့်သည် ထင်ပေါ်ကျော်ကြားခဲ့သည်။ ထိုစာက ခရစ်ယာန် အသင်းတော်များ၏ ဂုဏ်မောက်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။ နောက်ပိုင်းတွင် ကလီမင့်၏စာကို ရောမပြင်ပရှိ ခရစ်ယာန်အဖွဲ့အစည်းများအပေါ် ပုပ် ရဟန်းမင်း၏ ပထမဦးဆုံး သြဇာသက်ရောက်မှုအဖြစ် ရှုမြင်ခဲ့ကြသည်။ ကလီမင့်သည် ရောမနိုင်ငံသား ဖြစ် သည်။ သူတော်စင် စိန့်ပေါနှင့်တွဲ၍ အတူအလုပ်လုပ်ခဲ့ သည်ဟု ယူဆကြသည်။ ကလီမင့်၏ ဘဝဇာတ်ကြောင်း နှင့် ပတ်သက်၍ ဒဏ္ဍာရီအများအပြား ရှိခဲ့သည်။ သူ၏ လည်ပင်းတွင် ကျောက်ဆူးချိတ်၍ ပင်လယ်ထဲသို့ ပစ်ချခံ ရသည်ဟုဆိုကာ သာသနာ့ အာဇာနည်အဖြစ် သတ်မှတ် ထားသည်။ သူ၏ပွဲတော်နေ့မှာ နိုဝင်ဘာလ ၂၃ ရက် ဖြစ် သည်။