ကလာရီနက် ။ ။ ကလာရီနက်သည် သစ်သား လေမှုတ် တူရိယာပစ္စည်းဖြစ်သည်။ ကလာရီနက် အများစုကို သစ်သားဖြင့် ပြုလုပ်ကြသည်။
တူရိယာပစ္စည်း၏ အစွန်းတစ်ဖက်တွင် ပါးစပ်ဖြင့် မှုတ်ရန် အပေါက်ပါပြီး နောက်အစွန်းတစ်ဖက်က ခေါင်း လောင်းပုံ ပွင့်နေသည်။ ကလာရီနက်တွင် အသံ အနိမ့် အမြင့် ကစားရန် အပေါက်ငယ်များ ပါရှိပြီး ယင်းအပေါက် ငယ်များကို 'ကီး'ဟုခေါ်သော ခလုတ်ငယ်များဖြင့် ဖုံးအုပ် ထားသည်။ တေးဂီတပညာရှင်က လက်ချောင်းထိပ် များကို ထိုအပေါက်ငယ်များနှင့် ခလုတ်များပေါ်တင်ကာ ပါးစပ်ဖြင့် မှုတ်ရသောနေရာရှိ အခင်မှ မှုတ်ရသည်။ ထို အခါ အခင်သည် တုန်ခါသွားပြီး သာယာနာပျော်ဖွယ်အသံ ထွက်ပေါ်လာသည်။ အသံမျိုးစုံရရန် တေးဂီတပညာရှင် က အပေါက်ငယ်များကို ဖွင့်ပေးလိုက်၊ ပိတ်ပေးလိုက်ဖြင့် ကစားပေးရသည်။ ကလာရီနက်များကို အသံ အနိမ့်အမြင့် ငါးမျိုးထွက်ရှိအောင် လုပ်ထားသည်။ 'ဘီဖလက်' အသံ အမြင့်ဆုံးရအောင် လုပ်ထားသော ကလာရီနက်ကို လူကြိုက် အများဆုံးဖြစ်သည်။
ဂျာမနီလူမျိုး ဂျိုဟန်းခရစ္စတော့ ဒန်နာက ကလာ ရီနက်ကို ၁၇၀ဝ ပြည့်နှစ်ဝန်းကျင်က စတင် တီထွင်ခဲ့ သည်။ ၁၇၀ဝ ပြည့်လွန် အလယ်ပိုင်းကာလမှစ၍ ကလာရီနက်သည် တေးဂီတဝိုင်းများနှင့် သံစုံတီးဝိုင်းကြီး များ၌ အရေးကြီးသော တူရိယာပစ္စည်း ဖြစ်လာသည်။