ကရစ်ဘတီသမ္မတနိုင်ငံ။ ။ ကရစ်ဘတီသမ္မတနိုင်ငံ သည် ကမ္ဘာကြီး၏ တောင်ခြမ်းနှင့် မြောက်ခြမ်း၊ အရှေ့ ခြမ်းနှင့် အနောက်ခြမ်းစသည်ဖြင့် ကမ္ဘာလေးခြမ်းစလုံး အကျုံးဝင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ ပထဝီ ဝင် သဘောအရ အီကွေတာမျဉ်းသည် ကမ္ဘာကို တောင် နှင့်မြောက် ပိုင်းသကဲ့သို့ လောင်ဂျီတွဒ် ၁၈၀ ဒီဂရီမျဉ်း သည်လည်း ကမ္ဘာကို အရှေ့နှင့်အနောက် ပိုင်းထားသည်။
ကရစ်ဘတီသမ္မတနိုင်ငံ၏ ဧရိယာသည် တောင်လတ္တီတွဒ် ၁၀ ဒီဂရီနှင့် မြောက်လတ္တီတွဒ် ၅ ဒီဂရီ အကြား၊ အရှေ့ လောင်ဂျီတွဒ် ၁၇၀ ဒီဂရီနှင့် အနောက်လောင်ဂျီတွဒ် ၁၄၆ ဒီဂရီအကြားတွင် တည်ရှိနေသည်မှာ ကမ္ဘာ့နိုင်ငံ ပေါင်း ၂၀ဝ ကျော်အနက် အထူးခြားဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
ပစိဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ပိုင်း၊ သြစ တြေးလျတိုက်နှင့် ဟာဝိုင်ယီကျွန်းတို့၏ အလယ်ဗဟိုခန့် တွင် တည်ရှိသော ယင်းနိုင်ငံသည် မိုက်ကရိုနီးရှားနှင့် ပိုလီနီးရှားကျွန်းအုပ်စုကြီး နှစ်ခုတွင်လည်း အကျုံးဝင် သည်။ အမှန်အားဖြင့် ယင်းနိုင်ငံသည် 'သန္တာကျွန်းခွေ' ဟုခေါ်သော အလယ်တွင် ဆားငန်ရေအိုင်ကြီးရှိသော သန္တာကျွန်းပေါင်း ၃၂ ကျွန်းနှင့် ကျွန်းကြီးတစ်ကျွန်းတို့ ပါဝင်လျက်ရှိသည်။ နိုင်ငံပိုင် ရေပြင်ဧရိယာသည် အမေ ရိကန်ပြည်ထောင်စု အကျယ်အဝန်းခန့် ရှိသည်ဟုလည်း မှတ်တမ်းများက ဖော်ပြသည်။
အဓိကပါဝင်သော ကျွန်းစုကြီးများမှာ ဂီးလ်ဘတ် ကျွန်းစု၊ ဖီးနစ်ကျွန်းစုနှင့် လိုင်းကျွန်းစုများ ဖြစ်သည်။ စုစုပေါင်း ကုန်းမြေဧရိယာ စတုရန်းကီလိုမီတာ ၇၃၀ ရှိ သည်။ ယင်းနိုင်ငံ၏ မြောက်ဘက်စွန်းတွင် ဝါရှင်တန် ကျွန်း၊ အရှေ့ဘက်စွန်းတွင် ကာရိုလိုင်းကျွန်း၊ တောင် ဘက်စွန်းတွင် ဖလင့်ကျွန်းနှင့် အနောက်ဘက်စွန်းတွင် ဘာနားဘားကျွန်းတို့ ရှိသည်။ နိုင်ငံတစ်ဝန်းလုံးတွင် ဒေသစံတော်ချိန် တစ်မျိုးတည်း ဖြစ်စေရန်အတွက် ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် နိုင်ငံတကာ ရက်စွဲသတ်မျဉ်းကို အရှေ့ဘက်သို့ ရွှေ့ပြောင်းခဲ့သည်။ ဤသို့မရွှေ့ပြောင်းပါက နိုင်ငံတစ်ခုတည်းတွင် အရှေ့ပိုင်း နှင့် အနောက်ပိုင်းတို့သည် တစ်ရက်ကွာခြားနေမည် ဖြစ်သောကြောင့် အလုပ်လုပ်ရာတွင် အခက်အခဲများစွာ ဖြစ်ပေါ်နိုင်သည်။
နိုင်ငံ၏ ကုန်းမြေအများစုမှာ ပင်လယ်ရေမျက်နှာ ပြင်အထက် ငါးပေကျော်တွင်သာ ရှိသည့်အတွက် ကုလ သမဂ္ဂအဖွဲ့ကြီး၏ ၁၉၈၉ ခုနှစ် အစီရင်ခံစာတွင် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲလာမှုကို နိုင်ငံများက အရေးယူ ဆောင်ရွက်ခြင်းမရှိပါက ပင်လယ်ရေ မြင့်တက်ခြင်းဖြစ် ကာ ကရစ်ဘတီနိုင်ငံသည် ၂၁ ရာစုအတွင်းတွင် ရေ အောက်သို့ နစ်မြုပ်ပျောက်ကွယ်သွားလိမ့်မည်ဟု သတိ ပေးဖော်ပြခဲ့သည်။ နိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်မှာ ဘာ နားဘားကျွန်းရှိ ၂၆၆ ပေမြင့်သော တောင်ထွတ်ဖြစ်သည်။
နိုင်ငံ၏ရေပိုင်နက်ကို ကမ်းခြေမှ ၂၂ ကီလိုမီတာ (၁၄ မိုင်)၊ သီးသန့်စီးပွားရေးဇုန်ကို ကမ်းခြေမှ ၃၇၂ ကီလိုမီတာ (၂၃၀ မိုင်)အထိ သတ်မှတ်ထားသောကြောင့် ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် ပင်လယ်ပြင် ထိန်းသိမ်း ကာကွယ် ထားသော ဧရိယာ တတိယအများဆုံးနိုင်ငံလည်း ဖြစ် သည်။
ရာသီဥတုအားဖြင့် ကျွန်းစုနိုင်ငံဖြစ်သောကြောင့် ပျမ်းမျှအပူချိန် ၂၆ နှင့် ၃၂ ဒီဂရီဆဲလ်ရှပ်ကြားရှိသည်။ မိုးရေချိန် အနည်းဆုံးနှစ်တွင် ၁၇၀ မီလီမီတာသာရှိပြီး အများဆုံးနှစ်တွင် ၄၀ဝ၀ မီလီမီတာအထိ ရရှိသည်။
ကုန်းမြေဧရိယာ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းတွင် သဘာဝသစ်တောများ ပေါက်ရောက်နေပြီး စိုက်ပျိုး နိုင်သောမြေမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်။ ကုန်း မြေ ၅၀ ရာခိုင်နှုန်းတွင် လူနေထိုင်မှုနှင့် စီးပွားရေးလုပ်ငန်း များ တည်ရှိသည်။
နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ တစ်သိန်းခန့်သာရှိပြီး လူဦးရေတိုးတက်မှုနှုန်း အလွန်နည်းသည်။ လူဦးရေ၏ ၉၉ ရာခိုင်နှုန်းမှာ မိုက်ကရိုနီးရှန်း လူမျိုးနွယ်များဖြစ်ပြီး ကျန်လူနည်းစုမှာ တူဗာလူမျိုးနွယ်များ ဖြစ်သည်။ မြို့ တော်မှာ ဂီးလ်ဘတ်ကျွန်းရှိ တာရာဝါမြို့ဖြစ်ပြီး စုစုပေါင်း လူဦးရေ၏ ၄၃ ဒသမ ၅ ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်သည်။
သဘာဝသယံဇာတအနေဖြင့် မီးစုန်းသတ္တုများကို ၁၉၇၉ ခုနှစ်၊ နိုင်ငံလွတ်လပ်ရေးမရမီကပင် ဗြိတိသျှတို့က အားလုံးနီးပါး တူးဖော်ခဲ့ပြီးဖြစ်သည်။ ပင်လယ်ငှက်ချေး များ၊ ငါးနှင့် အုန်းသီးထွက်ပစ္စည်းများကို စီးပွားဖြစ် ထုတ် လုပ်သည်။