ကရက်၊ ဟန် အဒေါ့ ၊ ဆာ (၁၉၀ဝ-၁၉၈၁)။ ။ ကရက် သည် အင်္ဂလန်တွင် နေထိုင်လုပ်ကိုင်သော ဂျာမန်လူမျိုး ဓာတုဗေဒပညာရှင်ဖြစ်ပြီး ၁၉၃၇ ခုနှစ်တွင် ခန္ဓာကိုယ် အတွင်း၌ အာဟာရမှ ဇီဝစွမ်းအင်ဖြစ်စဉ်ကို တွေ့ရှိသည့် အတွက် ၁၉၅၃ ခုနှစ် ဆေးပညာနိုဘယ်ဆုကို ရရှိသည်။ ကရက်ပတ်လည်ဖြစ်စဉ်ဟု အမည်တွင်သော ထိုဖြစ်စဉ် တွင် သက်ရှိဆဲလ်များက ကာဘိုဟိုက်ဒရိတ်၊ အဆီနှင့် ပရိုတိန်းများကိုချေဖျက်ပြီး စွမ်းအင်ထုတ်လုပ်ပေးသည်။ အသက်ရှင်ရေးအတွက် အောက်ဆီဂျင် လိုအပ်သော ဆဲလ်တိုင်းတွင် ကရက်ပတ်လည်ဖြစ်စဉ် ဖြစ်ပေါ်သည်။ ကရက်ပတ်လည်ဖြစ်စဉ်သည် အက်စီတိုင်းကို အင်ဇိုင်း အေဟုခေါ်သော အက်စီးတစ် အက်စစ်တစ်မျိုး ဖြစ်ပေါ်ရာ မှ စတင်သည်။
ကာဗိုဟိုက်ဒရိတ်၊ အဆီနှင့် ပရိုတိန်းများ ကိုယ်ခန္ဓာ ထဲတွင် တစ်ပိုင်းတစ်စပြိုကွဲရာမှ အက်စီတိုင်းကို အင်ဇိုင်း အေဖြစ်ပေါ်သည်။ ပတ်လည်ဖြစ်စဉ်အတွင်း အက်စီတိုင်း ကို အင်ဇိုင်းအေသည် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေ အဖြစ် ပြောင်းသွားသည်။ ဖြစ်စဉ်အဆင့်ဆင့်၏ အသေး စိတ်ကို ကရက်က ရှင်းပြနိုင်သဖြင့် ခန္ဓာကိုယ်အတွက် စွမ်းအင်ရရှိပုံကို ပညာရှင်များ နားလည်သိရှိသည်။