Myanmar Encyclopedia

ကရီအိုစုတ် ။ ။ မြန်မာနိုင်ငံတွင် သစ်သားများကို ကြာ ရှည်ခံအောင် ရေနံသုတ်လိမ်းထားတတ်သည့်နည်းတူ အနောက်နိုင်ငံများတွင် သစ်နှင့် ကျောက်မီးသွေးမှ ထုတ် ယူရရှိသော ကရီအိုစုတ်ဆီဖြင့် သစ်သားများကို သုတ် လိမ်းတတ်ကြသည်။

အထူးသဖြင့် မီးရထားသံလမ်းအောက်ခံ ဇလီဖား တုံးများမှာ အပူအအေးဒဏ်ကို အမြဲခံနေရသည့်အပြင် နေ့စဉ် ခုတ်မောင်းလျက်ရှိသော မီးရထားတွဲများ၏ အလေးချိန်ကြောင့် ဆွေးမြည့် ပျက်စီးလွယ်တတ်ရာ ကြာ ရှည်ခံအောင် ကရီအိုစုတ်ဆီဖြင့် သုတ်လိမ်းထားလေ့ရှိ သည်။ ဓာတ်မီးတိုင်၊ ကြေးနန်းတိုင် စသည်များကိုလည်း ထိုဆီဖြင့် သုတ်လိမ်းထားလေ့ ရှိကြသည်။

ကျောက်မီးသွေးမှဖြစ်စေ၊ သစ်သားမှဖြစ်စေ ထုတ် ယူပြီးခါစ၌ ကရီအိုစုတ်ဆီသည် အရောင်အဆင်း မရှိဘဲ အချိန်အတန်ကြာလာသည့်အခါ ညိုသွားသည်။ ထိုဆီ၏ အနံ့မှာ အလွန်စူးရှသည်။

သင်းဝင်သားမှ ထုတ်ယူရရှိသည့် ကရီအိုစုတ်ဆီမှာ အနာခွဲစိတ်ရာ၌ဖြစ်စေ၊ သွားများကို ကုသရာ၌ဖြစ်စေ အလွန်အသုံးဝင်သော ရောဂါပိုးသတ်ဆေး ဖြစ်သည်။ ကျောက်မီးသွေးကတ္တရာမှ ထုတ်ယူရရှိသော ကရီအိုစုတ် ဆီမှာ အရည်ပျစ်သည်။

ပင်မစာမျက်နှာသို့