ကရိကျွန်း ။ ။ မြေထဲပင်လယ် အရှေ့ပိုင်းတွင်ရှိသော ကရိကျွန်းသည် အလျား ၂၅၉ ကီလိုမီတာ (မိုင် ၁၆၀)၊ အကျယ် ၁၁ ကီလိုမီတာ ( ၇မိုင်)မှ ၅၆ ကီလိုမီတာ (၃၅ မိုင်)အထိရှိ၍ ဧရိယာအားဖြင့် ၈၄၃၃ စတုရန်းကီလိုမီတာ (၃၂၁၉ စတုရန်းမိုင်) ကျယ်ဝန်းပြီး ဂရိနိုင်ငံပိုင် ကျွန်း များအနက် အကြီးဆုံးနှင့် လူဦးရေအများဆုံးကျွန်း ဖြစ် သည်။ မြေထဲပင်လယ်တွင် စစ္စလီ၊ ဆာဒင်းနီးယား၊ ဆိုက် ပရပ်နှင့် ကော်စီးကားတို့ပြီးလျှင် ပဉ္စမအကြီးဆုံးကျွန်း ဖြစ်သည်။ အီးဂျီးယန်းပင်လယ်ပြင်၏ တောင်ဘက်ပိုင်းကို ကန့်လန့်ဖြတ်တည်ရှိလျက် ဂရိနိုင်ငံနှင့် ၉၇ ကီလိုမီတာ (မိုင် ၆၀)ခန့်ကွာ၍ အာရှမိုင်းနားနှင့် ၁၆၂ ကီလိုမီတာ (မိုင် ၁၀ဝ)ကျော်ခန့် ကွာဝေးသည်။ ဥရောပတိုက်မှနေ၍ အာရှတိုက်နှင့် အာဖရိကတိုက်များသို့သွားရာ ရေလမ်း ခရီးပေါ်တွင် တည်ရှိသဖြင့် အရေးပါ ထင်ရှားသည်။
ကရိကျွန်းသည် ဒဏ္ဍာရီပုံပြင်နှင့် သမိုင်းများတွင် လွန်ခဲ့သောနှစ်ပေါင်း ၅၀ဝ၀ ကျော်လောက်ကပင် ထင် ပေါ်ကျော်ကြားခဲ့သည်။ အီဂျစ်နိုင်ငံနှင့် အာရှတိုက်မှ ယဉ် ကျေးမှုနှင့်တကွ အတတ်ပညာအမျိုးမျိုးတို့ ဥရောပတိုက် သို့ ကူးစက်ပြန့်ပွားခဲ့စဉ်က လမ်းခုလတ်၌ရှိသော ကျွန်း ဖြစ်သည့်အားလျော်စွာ နိုင်ငံသမိုင်းဆိုင်ရာ သုတေသီ များအတွက် အထူးစိတ်ဝင်စားဖွယ်ရာဒေသ ဖြစ်သည်။
ကရိကျွန်းသည် တောင်များ ထူထပ်ပေါများသည်။ တောင်တန်းကြီး၏ အလယ်ဗဟိုတွင်ရှိသော ဆိုင်လိုရိုက် တစ်တောင်ထိပ်မှာ ပေပေါင်း ၈၀ဝ၀ မျှ မြင့်သည်။ ထိုတောင်ထိပ်သည် ရှေးယခင်က အိုက်ဒါတောင်ထိပ်ဟု အမည်တွင်ကာ ဇုနတ်မင်း၏ မွေးရာဒေသဟု ဆိုလေ သည်။ စပျစ်၊ သံလွင်၊ လိမ္မော်၊ ရှောက် အစရှိသောအပင်များ ထူထပ်စွာ ပေါက်ရောက်ကြသည်။ ပင်လယ်ကမ်းခြေ တစ်လျှောက်ရှိ လွင်ပြင်များတွင် ဆေးရွက်ကြီးနှင့် ဝါများ ကို စိုက်ပျိုးကြသည်။ တောင်များပေါများသည့်အလျောက် အဖိုးတန်သတ္တုများရှိရာ သံ၊ ခဲ၊ ကန့်၊ ကြေးနီနှင့် သွပ် စသည်တို့ကို တူးဖော်လုပ်ကိုင်ကြသည်။
ကရိကျွန်းတွင် လူဦးရေ ခြောက်သိန်းကျော်ရှိသည့် အနက် သုံးပုံနှစ်ပုံခန့်မှာ ဂရိအဆက်အနွှယ်များဖြစ်၍ ဂရိ ယုံကြည်မှုကို လိုက်နာကြသည်။ ဘီစီ ၁၀ဝ၀ ပြည့်နှစ် ခန့်ကပင် ဂရိလူမျိုးတို့သည် အီးဂျီးယန်း ယဉ်ကျေးမှုကို ဖျက်ဆီး၍ ကရိကျွန်းကိုပါ စိုးမိုးခဲ့ကြသည်။ ထို့နောက် ဘီစီ ၆၇ ခုနှစ်တွင် ရောမလူမျိုးများ ကရိကျွန်းသို့ ရောက် လာ၍ သိမ်းပိုက်လိုက်ကြသည်။ ရောမနိုင်ငံတော်ကြီး ပြိုကွဲသွားသောအခါ ကရိကျွန်းသည် ဆာရဆင်လူမျိုးတို့ ၏ လက်အောက်သို့ ကျရောက်သွားပြီးနောက် ပင်လယ် ဓားပြစခန်းတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ အေဒီ ၉၆၀ ပြည့် နှစ်တွင် ဗိုင်ဇင်တိုင်နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့ပြီးနောက် အေဒီ ၁၂၀၄ ခုနှစ်တွင် ဘိနီးရှန်း တို့၏ နိုင်ထက်စီးနင်း အုပ်ချုပ်ခြင်းကို ခံရပြန်သည်။ ၁၆၆၉ ခုနှစ်တွင် တူရကီတို့သည် ကရိကျွန်းကို သိမ်းပိုက် လိုက်ကြသည်။ ၁၉၁၃ ခုနှစ် ဘော်လကန်စစ်ပွဲများအပြီး၌ တူရကီသည် ကရိကျွန်းကို ဂရိတို့အား လွှဲပြောင်းပေး လိုက်ရရာ ထိုအခါမှစ၍ ဂရိပိုင်ဒေသ ဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ ဂျာမန်တို့သည် ကရိကျွန်း ကို သိမ်းပိုက်လိုက်ကြသည်။ မဟာမိတ်တပ်များသည် ၁၉၄၅ ခုနှစ် မေလရောက်မှသာ ကရိကျွန်းကို ပြန်လည် သိမ်းပိုက်နိုင်ကြသည်။
ယခုအခါ ရှေးခေတ် ကရိယဉ်ကျေးမှု၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များစွာကို ပြန်လည်ရှာဖွေ တူး ဖော်တွေ့ရှိခဲ့ပြီဖြစ်သည်။ ရှေးခေတ် ကရိမြို့တော်ဖြစ် သော နော့ဆပ်မြို့နေရာဟောင်းကို တူးဖော်ခဲ့ရာ ကရိ ဘုရင် မိုင်းနော့၏ ဝင်္ကပါသဏ္ဌာန် နန်းတော်ဟောင်းကို တွေ့ရှိခဲ့ကြရသည်။
ဟီရာကလီယန်မြို့သည် ကရိကျွန်း၏မြို့တော် ဖြစ် ပြီး လူဦးရေ နှစ်သိန်းခန့် နေထိုင်သည်။ ကရိကျွန်း၏ အဓိကလုပ်ငန်းများမှာ ဝန်ဆောင်မှုနှင့် ကမ္ဘာလှည့် ခရီး သွားလုပ်ငန်းများ ဖြစ်သည်။