ကရားကော့မြို့ ။ ။ ကရားကော့မြို့သည် ပိုလန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့အဖြစ်သာမက မြို့တော်ဟောင်း လည်းဖြစ်ပြီး ဘစ္စတူလာမြစ်၏ လက်ဝဲဘက်ကမ်းပေါ် တွင် တည်ရှိသည်။ ရေကြောင်းအသွားအလာဖြစ်သော မြစ်ရိုးဒေသ၏ထိပ်တွင် တည်ရှိသဖြင့် စီးပွားရေးနှင့် နိုင်ငံ ရေးတို့တွင် အရေးပါသည်။ မီးရထားလမ်းဆုံမြို့ ဖြစ် သဖြင့်လည်း ကုန်စည်ကူးသန်းရောင်းဝယ်ရာ ဗဟိုဌာန ကြီး ဖြစ်နေသည်။ ကရားကော့မြို့ အနီးပတ်ဝန်းကျင်တွင် သွပ်၊ ခဲ၊ ကျောက်မီးသွေး စသည့်တွင်းထွက်များ တွေ့ရှိရ သည်။ ဓာတု၊ စက်မှုလယ်ယာ၊ စက်ကိရိယာများနှင့် အထည်အလိပ်များ ထုတ်လုပ်သည်။
ဘစ္စတူလာမြစ်၏ အထက်ဘက်တွင်ရှိသော ကျောက် တောင်ကုန်းပေါ်တွင် ရှေးခေတ် အဆောက်အအုံများကို တွေ့နိုင်သည်။ ၁၄ ရာစုနှစ်က ဆောက်လုပ်ထားသော ဘုရားရှိခိုးကျောင်းကြီးမှာ ရှေးပိုလန်ဘုရင် အဆက်ဆက် တို့ ဘိသိက်ခံယူရာ နေရာဖြစ်ခဲ့ပြီး ပိုလန် အာဇာနည် ပုဂ္ဂိုလ်များကို မြှုပ်နှံသောနေရာလည်း ဖြစ်ခဲ့သည်။ ကရားကော့တက္ကသိုလ်သည် ၁၃၆၄ ခုနှစ်၌ ဖွင့်လှစ်ခဲ့ သော အလွန်ရှေးကျသည့် တက္ကသိုလ်ဖြစ်သည်။ တက္ကသိုလ်စာကြည့်တိုက်ဝင်းအတွင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀ဝ ခန့်က ထင်ရှားခဲ့သည့် နာမည်ကျော် နက္ခတ္တဗေဒပညာရှင် ကော့ပါးနီကပ်၏ရုပ်တုကို ထားရှိ သည်။
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၃၉ ခုနှစ်၌ ဂျာမန်တို့ သည် ကရားကော့မြို့ကို သိမ်းပိုက်ခဲ့ကြသော်လည်း စစ်ကြောင့် များစွာ ပျက်စီးခြင်းမရှိခဲ့ပေ။ ၁၉၄၅ ခုနှစ်တွင် ရုရှားစစ်တပ်များက ပြန်လည် သိမ်းပိုက်၍ ပိုလန်တို့ လက်သို့ ပြန်လည်အပ်နှံခဲ့သည်။ ၂၀၁၈ ခုနှစ် ခန့်မှန်းခြေ စာရင်းအရ လူဦးရေမှာ ၇ သိန်းကျော် ဖြစ်သည်။