ကရာချိမြို့။ ။ ကရာချိမြို့သည် အိန္ဒိယ ကျွန်းဆွယ် အနောက်ဘက်ပိုင်းရှိ သင်္ဘောဆိပ်မြို့ဖြစ်ပြီး ပါကစ္စတန် နိုင်ငံ၏ အကြီးဆုံးမြို့ကြီးဖြစ်သည်။ အိန္ဒုမြစ်ဝကျွန်းပေါ် ဒေသ၏ မြောက်ဘက်တွင် တည်ရှိသည်။ ထို့ကြောင့် အိန္ဒုမြစ်ဝှမ်းတစ်လျှောက်မှ သယ်လာသောကုန်များနှင့် ဒေသထွက် ဝါဂွမ်း၊ ဆား၊ သားရေစိမ်း၊ သိုးမွေးအကြမ်းနှင့် ဂျုံစပါးတို့ကို ကရာချိမြို့မှတစ်ဆင့် အခြားနိုင်ငံများသို့ တင်ပို့သည်။ ကရာချိမြို့သည် အတွင်းဘက်ရှိ နယ်များ
အတွက် ထွက်ပေါက်ဖြစ်သဖြင့် ကုန်စည်ကူးသန်း ရောင်း ဝယ်ရေး၌ ထင်ရှားသော မြို့ဖြစ်သည်။ ကရာချိမြို့နှင့် ၄ ကီလိုမီတာ (၃ မိုင်) ခန့်ကွာဝေးသော ကီယာမာရီကျွန်း တွင် အကြီးဆုံးသော သင်္ဘောကျင်းများကို တည်ဆောက် ထားသည်။ အထည်အလိပ်လုပ်ငန်း၊ သံမဏိလုပ်ငန်း၊ စားသောက်ကုန်၊ ဓာတုပစ္စည်း၊ သယ်ယူပို့ဆောင်ရေး စက်ပစ္စည်းလုပ်ငန်းများမှာ ထင်ရှားသော လုပ်ငန်းကြီး များ ဖြစ်သည်။ ကရာချိမြို့၏ အကျယ်အဝန်းမှာ ၃၈၂၅ စတုရန်းကီလိုမီတာ (၁၄၆၀ စတုရန်းမိုင်) ရှိပြီး လူဦးရေ မှာ ၂၀၂၀ ခုနှစ် ခန့်မှန်းခြေစာရင်းများအရ ၁၅ သန်းခန့် ရှိသည်။