ကရဝိက၊ ရှင် (၁၅၈၈–၁၆၄၈ ခန့်)။ ။ ရှင်ကရဝိကသည် ညောင်ရမ်းခေတ် ခရစ်နှစ် ၁၆၂၉ ခုနှစ် အင်းဝမြို့၌ နန်း တက်တော်မူသော သာလွန်မင်းတရားကြီး လက်ထက် တွင် ထင်ရှားသော စာဆိုတော်တစ်ဦး ဖြစ်သည်။ ဇာတိ မှာ ပခန်းကြီးမြို့ ကျေးပိုက်သင်ရွာဖြစ်သည်။ သာလွန် မင်းတရားကြီး၏ ညီတော် မင်းရဲကျော်စွာက လေးထပ် ကျောင်းကို ဆောက်လုပ်လှူဒါန်းသောအခါ စာဆိုရှင် ကရဝိကသည် မင်းရဲကျော်စွာ၏ တိဝိသုတောဓမ္မာ အဇဿကဏိဠောအမည် လေးထပ်ကျောင်းတည် သမိုင်း မော်ကွန်းကို လင်္ကာစကားပြေ နှစ်ထွေရော၍ရေးဖွဲ့သည်။
ခရစ်နှစ် ၁၆၃၄ ခုနှစ်တွင် 'တက်ထွန်းလျှံဝါ' ချီ ရတု ပိုဒ်စုံ သုံးပိုဒ်ကို ဆက်သွင်းသည်။ ယင်းရတုကို သာလွန် မင်းက နှစ်သက်တော်မူ၍ ရွှေကျည်တောက်တွင် သွင်းနှံ သိမ်းဆည်းကာ အလိုက်ရတုများကိုပင် ရေးသား လေ့ ကျက်သည်ဟု ဆိုသည်။