Myanmar Encyclopedia

ကရကဋ်ရာသီ ။ ။ ကရကဋ်ရာသီသည် ဆယ့်နှစ်ရာသီ ခွင်တွင် ကဏန်းပုံ (ပုစွန်လုံး) ဖြင့် ဖော်ပြသော စတုတ္ထ မြောက် ရာသီအိမ်ဖြစ်သည်။ အနောက်တိုင်းရာသီခွင် အနေဖြင့် 'ကင်ဆာ'ဟူ၍ ဖြစ်သည်။ မြန်မာပြက္ခဒိန် လေးလမြောက် ဝါဆိုလကို နက္ခတ်ဗေဒင် အခေါ်အဝေါ် အားဖြင့် ကရကဋ်ရာသီဟု ခေါ်ဆိုသည်။

ကရကဋ်ရာသီအား လက ကြီးစိုးသည်ဟု နက္ခတ်
ပညာရှင်တို့က ယူဆသည်။ နှစ်စဉ် ဇွန်လ ၂၁ ရက်မှ
ဇူလိုင်လ ၂၂ ရက်အတွင်း မွေးဖွားသူများမှာ ကရကဋ် ရာသီဖွားများ ဖြစ်သည်။

ရာသီပန်းမှာ ပုန်းညက်ပန်း၊ မုလေးပန်း (မြတ်လေး ပန်း) ဖြစ်သည်။ ရှေးမြန်မာမင်းများသည် 'ပဉ္စင်းတော်ခံပွဲ' ကို ဤလရာသီပွဲအဖြစ် ဆင်ယင် ကျင်းပလေ့ရှိသည်။ ဝါဆိုလ၏ နေမွန်းတည့်ချိန်တွင် လူရိပ်မထွက်၊ နေပူတွင် ရပ်နေလျှင် လူ၏အရိပ်သည် လူ့အောက်တည့်တည့် တည်၍ ပျောက်နေသည်ကို ရည်ရွယ်၍ 'ဝါဆို လူ့အောက် အရိပ်ပျောက်' ဟု ဆိုရိုးရှိသည်။

ကရကဋ်ရာသီဖွားများမှာ လ၏ လွှမ်းမိုးမှု ခံရသဖြင့် လကဲ့သို့ပင် အပြောင်းအလဲမြန်တတ်သည်။ အရှက် အကြောက်ကြီးပြီး ခံစားလွယ်တတ်၊ ခံစားချက်ကို ဖုံး ကွယ်ထားတတ်သည်။ လူများ၏လိုအပ်ချက်ကို သိရှိ နား လည် ခံစားလွယ်သဖြင့် စီးပွားရေးလုပ်ငန်းများ၌ အောင် မြင်သူများ ဖြစ်သည်။ ကိုယ့်စိတ်ကူးနှင့်ကိုယ် နေတတ် သဖြင့် ကရကဋ်ရာသီဖွားများမှာ တစ်ကိုယ်တည်းနေလေ့ ရှိတတ်ကြသည်။

ပင်မစာမျက်နှာသို့