Myanmar Encyclopedia

ကယားလူမျိုး ။ ။ ကယားလူမျိုး၌ ကယားမျိုးနွယ်စု ကိုးစု ရှိသည်ဟု သမိုင်းမှတ်တမ်းများက ဖော်ပြကြသည်။ ယင်းတို့မှာ ကယား၊ ကယန်း(ပဒေါင်)၊ ကယော၊ ယင်း ဘော်၊ ယင်းတလဲ၊ ကော်ယော်မိုနု (မနုမနော)၊ ဂေဘား၊ ဂေခိုနှင့် လထာ(ဇယိမ်း)ဟူ၍ ဖြစ်သည်။

၁။ ကယားမျိုးနွယ်စု

ကယားပြည်နယ် မြို့နယ်တိုင်းတွင် နေထိုင်ကြ သည်။ လူဦးရေမှာ ငါးသောင်းခြောက်ထောင်ကျော် ရှိ သည်။ ကယားတိုင်းရင်းသားတို့သည် မြို့ပေါ် နေသူတို့မှာ အရောင်းအဝယ်၊ ဝန်ထမ်းစသည်ဖြင့် အသက်မွေးကြ သည်။ ကျေးလက်နေသူအများစုမှာ မိရိုးဖလာ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကိုသာ လုပ်ကိုင်ကြသည်။

၂။ ကယန်း(ပဒေါင်)မျိုးနွယ်စု

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များတွင် နေထိုင်ကြ သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်နှင့် ကရင်ပြည်နယ် အချို့ဒေသတို့တွင် နေထိုင်ကြသည်။ လူဦးရေမှာ နှစ်သောင်း ခုနစ်ထောင် ကျော် ရှိသည်။

၃။ ကယောမျိုးနွယ်စု

ဖရူဆိုမြို့နယ်တွင် အများဆုံး နေထိုင်ကြသည်။ ဒီးမော့ဆိုမြို့နယ်တွင်လည်း နေထိုင်သည်။ လွိုင်ကော် မြို့နယ်တွင် အနည်းငယ်ရှိသည်။ လူဦးရေမှာ ကိုးထောင့် နှစ်ရာကျော် ဖြစ်သည်။

၄။ ယင်းဘော်မျိုးနွယ်စု

ဒီးမော့ဆိုမြို့နယ်တွင် အများဆုံး နေထိုင်သည်။ လူဦးရေမှာ တစ်သောင်းနှစ်ထောင်ကျော် ဖြစ်သည်။

၅။ ယင်းတလဲမျိုးနွယ်စု

ဘောလခဲမြို့နယ်တွင် အများဆုံး နေထိုင်သည်။ ဖားဆောင်းမြို့နယ်တွင်လည်း ရှိသည်။ လူဦးရေမှာ အလွန်နည်းပါးပြီး သုံးရာကျော်ခန့်သာ ရှိသည်။

၆။ ကော်ယော်မိုနု(မနုမနော)မျိုးနွယ်စု

ဖရူဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ်တို့တွင် နေထိုင် သည်။ လူဦးရေမှာ လေးထောင့်လေးရာကျော် ဖြစ်သည်။

၇။ ဂေဘားမျိုးနွယ်စု

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့တို့တွင် အနည်းငယ် စီ နေထိုင်သည်။ ကရင်ပြည်နယ် သံတောင်မြို့နယ်တွင် အများဆုံး နေထိုင်သည်။ လူဦးရေမှာ ငါးရာကျော်ရှိသည်။

၈။ ဂေခိုမျိုးနွယ်စု

ထိုမျိုးနွယ်စုတို့သည် ကယန်းမျိုးနွယ်စုများနှင့်အတူ ပူးပေါင်းနေထိုင်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံးတွေ့ရသည်။

၉။ လထာ(ဇယိမ်း)မျိုးနွယ်စု

ထိုမျိုးနွယ်စုတို့သည်လည်း ကယန်းမျိုးနွယ်စုများ နှင့်အတူ ပူးပေါင်းနေထိုင်ကြသည်။

ပင်မစာမျက်နှာသို့