ကမျဉ်းနီပိုးကောင် ။ ။ ကမျဉ်းနီဆိုသည်မှာ အဆိပ်ရှိ သည့် အလွန်သေးငယ်သော ပိုးကောင်နီတစ်မျိုး ဖြစ် သည်။ မျိုးကွဲအများအပြားရှိပြီး ပိုးလောင်းအဆင့်တွင် လူအပါအဝင် လက်ခံသတ္တဝါပေါ်၌ မှီခို နေထိုင်လေ့ရှိ သည်။ ကမျဉ်းနီ အကိုက်ခံရခြင်းကြောင့် ယားယံခြင်း၊ အနီဖုများထွက်ခြင်း၊ အနာဖြစ်ခြင်း၊ ဖျားနာခြင်း၊ ခေါင်း ကိုက်ခြင်းမှသည် စကရပ် တိုက်ဖတ်ဟု ခေါ်ဆိုသော ချုံပုတ်တိုက်ဖတ်ရောဂါ တစ်မျိုးအထိ ဖြစ်ပွားနိုင်သည်။ အဆိုပါ တိုက်ဖတ်ရောဂါမှာ မကုသဘဲထားပါက အသက် ဆုံးရှုံးသည်အထိ ပြင်းထန်နိုင်သည်။
ကမျဉ်းနီကောင်များကို ကမ္ဘာတစ်လွှား တွေ့ရှိနိုင်ပြီး သက်တမ်းမှာ အမျိုးအစားနှင့် ပတ်ဝန်းကျင်အပေါ် မူတည်၍ နှစ်လမှ ၁၂ လအထိရှိသည်။ အရွယ်အစားမှာ ဝ.၄ မီလီမီတာ (၁ လက်မ၏ ၆၀ ပုံ ၁ ပုံ) သာရှိပြီး အလွန်သေးငယ်လွန်းသည်။ သစ်တောများ၊ မြက်ခင်း၊ ရေကန်၊ စမ်းချောင်းနှင့် ခြောက်သွေ့သောနေရာမျိုးစုံ၌ နေထိုင်သည်။
ဘဝဖြစ်စဉ်တွင် ဥအဆင့်၊ ပိုးလောင်းအဆင့်၊ ပိုး တုံးလုံးအဆင့်နှင့် ပိုးကောင်အဆင့်ဟူ၍ အဆင့် လေးဆင့် ဖြတ်သန်းကာ ပိုးလောင်းအဆင့်တွင်သာ ကပ်ပါးအဖြစ် ရှင်သန်သည်။ ကမျဉ်းနီပိုးလောင်းသည် လက်ခံကောင် တွင် တွယ်ကပ်ပြီးနောက် အရေပြားကို အပေါက်ဖောက် ပြီး အင်ဇိုင်းများ အန်ထုတ်လိုက်သည်။ ထိုအင်ဇိုင်းများ ကြောင့် မာကျောပြီး တင်းလာသည့် အရေပြားမှတစ်ဆင့် ဆဲလ်အတွင်းပိုင်းကို အစာအဖြစ် မှီဝဲသည်။ လူအပါအဝင် လက်ခံသတ္တဝါမှာ ယားယံပြီး ကျန်ရစ်ခဲ့သည်။ ကမျဉ်းနီ ကောင်တိုင်း အဆိပ်ရှိသည်မဟုတ်ဘဲ ရောဂါပိုးရှိသည့် ကမျဉ်းနီကောင်တွင်သာ အဆိပ်ရှိသည်။
ကမျဉ်းနီကြောင့် ဖြစ်သည့် တိုက်ဖတ်ရောဂါ၏ လက္ခဏာများမှာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက် သားနာခြင်း၊ ချောင်းဆိုးခြင်း၊ အစာအိမ်နှင့် အူလမ်း ကြောင်း ဝေဒနာ ခံစားရခြင်းတို့ ဖြစ်သည်။ ကမျဉ်းနီ အကိုက်ခံထားရပြီး အဖျားတာရှည်နေပါက အမြန်ဆုံး ဆေးဝါးကုသမှု ခံယူသင့်သည်။