Myanmar Encyclopedia

ကမဲလီယားပင် ။ ။ ကမဲလီယားပင်သည် လက်ဖက်ပင် မျိုးဖြစ်သော 'သီယေးစီး'မျိုးရင်းတွင် ပါဝင်သည်။ မျိုးစိတ် ပေါင်း ၁၀ မျိုးခန့်ရှိသည်။ တရုတ်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံ တို့တွင် ကနဦးပေါက်၍ ၁၇၃၉ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ သို့ မျိုးယူစိုက်ပျိုးသည်။ ခရစ်ယာန်ဘုန်းတော်ကြီး ဂျိုးဇက်ကမဲက ထိုအပင်အကြောင်းကို စတင်ဖော်ပြ သဖြင့် ထိုဘုန်းကြီးကိုအစွဲပြု၍ ကမဲလီယားဟု အမည် ပေးထားသည်။

ကမဲလီယားပန်းမှာ ချစ်စဖွယ်ကောင်းသော ပန်းမျိုး ဖြစ်သည်။ 'ဂျပန်နှင်းဆီ'ဟူ၍လည်းခေါ်သည်။ သို့ရာတွင် အင်္ဂလိပ်နှင်းဆီကဲ့သို့ အနံ့မရှိချေ။ အရွက်များမှာထူ၍ နက်ပြောင်သည်။ အပင်ရိုင်းအဖြစ်နှင့်ရှိစဉ်တွင် နှင်းဆီ ရိုင်းများကဲ့သို့ အနီရောင်အပွင့်များ ပွင့်သည်။ စိုက်ပျိုး သော အမျိုးအစားမှာ အရေအတွက် နှစ်ဆ၊ သုံးဆခန့်ပို၍ ပွင့်ကြသည်။ အရောင်အမျိုးမျိုး ကွဲပြားသည်။

အချို့အမျိုးအစားမှရသော အစေ့တွင် ဆီ မြောက် မြားစွာ ပါရှိ၍ အရှေ့နိုင်ငံများ၌ ရောင်းဝယ်လေ့ရှိသည်။

ပင်မစာမျက်နှာသို့