ကဘူးမြို့။ ။ ကဘူးမြို့သည် အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော်ဖြစ်ပြီး အကြီးဆုံးမြို့လည်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် စာရင်းများအရ လူဦးရေ ၄ ဒသမ ၃ သန်းကျော် နေထိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၅၈၉၀ တွင် တည်ရှိပြီး အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၊ ကဘူး မြစ်ကမ်းနံဘေးရှိ မြို့တစ်မြို့ ဖြစ်သည်။ ရှေးအခါက ဂန္ဓာရတိုင်းတွင်ပါဝင်ခဲ့ပြီး ဗုဒ္ဓသာသနာ ထွန်းကားခဲ့ဖူး သောအရပ် ဖြစ်သည်။
ကဘူးတွင်တွေ့ရှိရသော ရှေးဟောင်းဒင်္ဂါးများအရ မြို့ကို ဘီစီ ၅၀ဝ နှင့် ၃၀ဝ အကြားတွင် တည်ထောင်ခဲ့ သည်ဟု သိရှိရသည်။ အာဖဂန်နစ္စတန်နှင့် အာရှအခြား ဒေသမှ လူမျိုးနွယ်စုများက ကဘူးမြို့ကို အေဒီ ၁၇၀ဝ လွန်နှစ်များအထိ ထိန်းချုပ်ထားခဲ့သည်။ ၁၇၇၆ ခုနှစ်တွင် ကဘူးသည် အာဖဂန်နစ္စတန်၏မြို့တော် ဖြစ်လာသည်။ ၁၉၉၀ ပြည့်လွန်နှစ်များက ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အတွင်း ကဘူးမြို့မှာ လက်နက်ကိုင်အဖွဲ့များ၏ အပြင်း အထန် ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ကဘူးမြို့သူ မြို့သားများ ထောင်နှင့်ချီသေဆုံးကာ အဆောက်အအုံ အများအပြားလည်း ပျက်စီးခဲ့ကြသည်။
၂၀ဝ၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ လေ ကြောင်းစစ်ကူဖြင့် အာဖဂန်နစ္စတန်သူပုန်များက တာလီ ဘန်အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသည့်အခါ ကဘူးမြို့မှာ စစ်တလင်း တစ်ဖန်ဖြစ်ခဲ့ရပြန်သည်။
စစ်ပွဲများ မဖြစ်ပွားမီက ကဘူးမြို့သည် စီးပွားရေး အချက်အချာမြို့ ဖြစ်ခဲ့သည်။ အာဖဂန်နစ္စတန်မှ ထွက်ရှိ သော ကော်ဇော၊ သိုးသားရေ၊ သစ်သီးဝလံ စသည်တို့ကို ကဘူးမြို့မှတစ်ဆင့် တင်ပို့ခဲ့သည်။ ကဘူးမြို့၏ အဓိက စက်မှုလုပ်ငန်းများမှာ အထည်အလိပ်၊ ဆေးဝါး၊ ပရိ ဘောဂ၊ စက်ပစ္စည်းကိရိယာနှင့် ဝိုင်လုပ်ငန်းတို့ ဖြစ်သည်။