Myanmar Encyclopedia

ကဘရီနီ၊ စိန့် ဖရန့်စစ် ဇေဗီယာ (၁၈၅၀-၁၉၁၇)။ စိန့် ဖရန့်စစ် ဇေဗီယာ ကဘရီနီသည် အမေရိကန်နိုင်ငံသား များအနက် ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဂိုဏ်း၏ ပထမဦးဆုံး သူတော်စင်စာရင်းသွင်းခံရသူ ဖြစ်သည်။

ကဘရီနီကို ၁၈၅၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် အီတလီနိုင်ငံ၊ လွန်ဘာဒီအရပ်၌ လယ်သမားမိသားစု တစ်ခုတွင် မွေးဖွားသည်။ မွေးချင်း ၁၃ ဦးအနက် အငယ် ဆုံးသမီး ဖြစ်သည်။ ငယ်စဉ်က သာသနာပြုမစ်ရှင်အဖွဲ့ နှင့်အတူ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ကျောင်း ဆရာမအဖြစ် လေ့ကျင့်သင်ကြားခဲ့ပြီး အသက် ၃၀ အရွယ်တွင် ဆင်းရဲသူများအတွက် ခရစ်တော်၏ မြင့်မြတ် နှလုံးသားသီလရှင်ကျောင်းကို တည်ထောင်ခဲ့သည်။

ကဘရီနီသည် ၁၈၈၉ ခုနှစ်တွင် အမေရိကန်ပြည် ထောင်စုသို့ ပြောင်းရွှေ့ရောက်ရှိလာပြီး နယူးယောက်နှင့် ချီကာဂိုမြို့များ၌နေထိုင်ကာ လက်တင်အမေရိကနိုင်ငံ များသို့ ခရီးထွက်လေ့ရှိသည်။ ကဘရီနီနှင့်အဖွဲ့သည် မိဘမဲ့ဂေဟာ၊ အခမဲ့ဆေးကုခန်းနှင့် ကျောင်းများ အပါ အဝင် အလှူဒါန အဖွဲ့အစည်း အမြောက်အမြား တည် ထောင် ဖွင့်လှစ်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် သူ့ကို သူတော် စင် စာရင်းသွင်းခဲ့သည်။ နှစ်စဉ် နိုဝင်ဘာလ ၁၃ ရက် သည် စိန့်ကဘရီနီနေ့ ဖြစ်သည်။

ပင်မစာမျက်နှာသို့