ကဗွီးပင်။ ။ ကဗွီးပင်သည် မြန်မာနိုင်ငံ ရခိုင်နှင့် တနင်္သာရီ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၌ ပေါက် သဖြင့် ပင်လယ်ကဗွီးပင်၊ ပင်လယ်ထင်းရှူးပင်ဟူ၍လည်း အမည်တွင်သည်။ ကဗွီးမှာ ထားဝယ်အမည် ဖြစ်သည်။
ကဗွီးပင်သည် သစ်ပင်ကြီးမျိုးဖြစ်၍ အမြင့်ပေ၁၀ဝ၊ ပင်စည်လုံးပတ် ၆ ပေအထိရှိသည်။ ကဗွီးသား၏ အရောင်မှာ နီညိုရောင်ရှိ၍ အလွန်မာသောကြောင့် ပြု ပြင်ရခက်သည်။ သို့ရာတွင် ထင်းအတွက် အလွန်ကောင်း သဖြင့် အိန္ဒိယနိုင်ငံတောင်ပိုင်း၌ အကြီးအကျယ် စိုက်ပျိုး ထားကြသည်။ ခိုင်ခံ့ခြင်း၊ ဖြောင့်စင်းခြင်း၊ နွဲ့ပျောင်းခြင်း၊ ပေါ့ပါးခြင်း စသော ဂုဏ်သတ္တိများ ရှိခြင်းကြောင့် ကဗွီး သားကို လှေရွက်တိုင်၊ ရွက်ပေါင်လက်၊ လှော်တက်၊ တက်မ စသည်များ ပြုလုပ်နိုင်သည်။ အခေါက်ကိုမူ ဝမ်းကိုက်ပျောက်ဆေးအဖြစ် အသုံးပြုကြသည်။