ကဗီယာငါးဥ။ ။ ဧရာမငါးကြီးမျိုးဖြစ်သော စတာဂျင် ငါးကြီးများ၏ ငါးဥဆားနယ်ကို ကဗီယာဟု ခေါ်သည်။
ကမ္ဘာ့နေရာအများအပြားတွင် ကဗီယာကို ရသာမွန် စားကောင်းသောက်ဖွယ်အဖြစ် တန်ဖိုးထားကြသည်။ ငါးဥကို ရေထဲမှ ရှာဖွေဆယ်ယူပြီးပြီးချင်း ဆားပက် ရေစစ်ပြီးနောက် အမြန်အိတ်သွတ်ကာ ထုပ်ပိုးရသည်။ ကဗီယာသည် ပျက်စီးလွယ်သဖြင့် အေးခဲထားရန် လိုအပ် သည်။ အပူပေး ပိုးသတ်၍ဖြစ်စေ၊ လေစုပ်ထုတ်ပြီး လေလုံဘူးဖြင့်ဖြစ်စေ ထုပ်ပိုး၍ရောင်းချသည်။ ကမ္ဘာပေါ် တွင် ကဗီယာကို အီရန်နှင့် ရုရှားနိုင်ငံတို့က အများဆုံး ထုတ်လုပ်တင်ပို့ရောင်းချသည်။ မီးခိုးရောင်မှ အမည်း ရောင်အထိ အရောင်အမျိုးမျိုးရှိသည်။ တန်ဖိုးအကြီးဆုံး ကဗီယာကို ဗီလူဂါဟုခေါ်သော စတာဂျင်ငါးကြီးများမှ ရရှိသည်။ အခြားငါးမျိုးများဖြစ်သော လမ့်ဖစ်ဆယ်မန် ဝှိုက်ဖစ်တို့၏ ဥများကိုလည်း တစ်ခါတစ်ရံ ကဗီယာ အမည်တပ်၍ ရောင်းလေ့ရှိသည်။ သို့သော် ကဗီယာ အစစ်ထက် များစွာ ဈေးသက်သာသည်။