ကပိုင်ပင် ။ ။ ကပိုင်ပင်သည် မြန်မာနိုင်ငံ ပင်လယ် ကမ်းပါး တောချုံများတွင် ပေါက်လေ့ရှိသော သစ်ပင်ငယ် တစ်မျိုးဖြစ်သည်။ အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးတောင်ပိုင်းရှိ လမုတော၊ လမဲ့တောများတွင် တွေ့နိုင် သည်။ အသားမှာ လိမ္မော်ရင့်ရောင်၊ နီ၍မာပြီးလျှင် အသင့် အတင့် တာရှည်ခံသည်။
ကုဗတစ်ပေလျှင် အလေးချိန် ၁၆ ပိဿာခန့် စီးသည်။ အိမ်တိုင်၊ ထုပ်၊ လျောက်၊ ဒိုင်း၊ မြား၊ ထွန်တုံးလုပ် ရန်၊ မီးသွေးဖုတ်ရန်နှင့် ထင်းအဖြစ် အသုံးပြုရန်အတွက် အသုံးဝင်သည်။ အခေါက်ကိုမူ ဆိုးဆေးအဖြစ် အသုံးပြု သည်။ကပိုင်ပင်ကို ကပြိုင်၊ ကမြိုင်၊ ကြပိုင် ဟူ၍လည်း ကောင်း၊ ပိုင်းတောင့်၊ မဒမ ဟူ၍လည်းကောင်း အမည် အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည်။