Myanmar Encyclopedia

ကနောင်မြို့ ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ကနောင်မြို့သည် ရှေး ကပင် တည်ရှိခဲ့သော မြို့ဖြစ်သည်။ ဇမ္ဗုဒီပဥဆောင်း ကျမ်း၌ (ခရစ်နှစ် ၁၆၈၀ အခြေအနေ) 'ကနောင်မြို့ အိမ် ခြေပေါင်း ၈၅၅' ဟု ပါရှိသဖြင့် ကနောင်မြို့ တည်ခဲ့သည့် ကာလကို ခန့်မှန်းနိုင်သည်။

ကနောင်မြို့သည် မြန်အောင်မြို့နှင့် ၉ ကီလိုမီတာ (၆ မိုင်) ခန့်သာ ကွာသဖြင့် မြန်အောင်-ကနောင်ဟူ၍ တွဲခေါ်လေ့ရှိကြသည်။ သမိုင်းချင်းလည်း ဆက်စပ်နေ သည်။ သာယာဝတီမင်းလက်ထက် သီရီမဟာသမန္တရာဇာ ဘွဲ့ခံ ဦးပုသည်လည်းကောင်း၊ မင်းလှသမန္တရာဇာဘွဲ့နှင့် မဟာမင်းလှမင်းခေါင်ဘွဲ့ခံ ဦးမောင်ကလေး(ဦးပု၏သား)သည်လည်းကောင်း မြန်အောင်၊ကနောင် နှစ်မြို့ဝန် ဖြစ် သည်။

ပုဂံမင်းလက်ထက်တွင် ညီတော် သတိုးမင်းရဲကျော် ထင်ကို သီရီသုမဟာရာဇာဘွဲ့ ပေးတော်မူပြီး မင်းတပ်နှင့် ကနောင်မြို့များကို ပေးသနားသည်။ မင်းတုန်းမင်း နန်း တက်သောအခါ ကနောင်မြို့စားမင်းသားသည် အိမ်ရှေ့ မင်း ဖြစ်လာသည်။ ယခုအခါ ကနောင်မြို့၌ ရပ်ကွက် ငါးရပ်ကွက်၊ လူဦးရေ ၃၀ဝ၀ ကျော်ရှိသည်။

ကနောင်မြို့တွင် ကနောင်မင်းသားကြီး၏ ကောင်းမှု တော် အောင်ဗောဓိစေတီတော်နှင့် သာယာဝတီမင်း တော်ကောက်ခဲ့သော ကနောင်သူ 'စစ်ပန်း' နှင့် 'လင်ပန်း' ညီအစ်မ၏ကောင်းမှု ဆုတောင်းပြည့်ဘုရားအပြင် မဟာ လောကမုနိန် မာရဇိန်နှင့် ကြေးသွန်းဘုရားကြီး တည်ရှိ သည်။

ပင်မစာမျက်နှာသို့