ကနက်စိန် (၁၉၁၇–၁၉၇၃) ။ ။ သဘင့်ဥသျှောင် ကနက်စိန်ကို ဖခင် ဂရိတ်ဦးဘိုးစိန်နှင့် မိခင် ဒေါ်ကြင်ယုံ တို့က ၁၉၁၇ ခုနှစ်တွင် မွေးဖွားသည်။ ငယ်မည်မှာ ကိုခဲ ဖြစ်သည်။ ဖခင်ဖြစ်သူ ဦးဘိုးစိန်က ထီးသုံးနန်းသုံး ဖြစ်သည့် ကနက္ကဒဏ်ထီးကို အစွဲပြုပြီး ကနက်စိန်ဟု မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ မွေးချင်း ကိုးယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။
အသက် ၂၀ အရွယ်တွင် ဘိလပ်သို့သွား၍ ပညာ သင်ယူခဲ့သည်။ ဘိလပ်မှ ပြန်ရောက်လာသောအခါ ဖခင် ကြီး၏ 'စိန်မဟာသဘင်' ဇာတ်အဖွဲ့ကို ခေါင်းဆောင် သည်။
မြန်မာ့ပထမဆုံးလွတ်လပ်ရေးနေ့ အင်္ဂလိပ်အလံချ ပွဲ၊ မြန်မာအလံတင်ပွဲ အခမ်းအနားကို အိန္ဒိယနိုင်ငံရှိ နယူးဒေလီမြို့တွင် ကျင်းပရာ ကနက်စိန်သည် ဖခင်နှင့် အတူ တက်ရောက်ခဲ့သည်။ အင်္ဂလန်ပြည့်ရှင် ဆဋ္ဌမ မြောက် ဂျော့ဘုရင်နန်းတက်ပွဲသို့လည်း အထူးဧည့်သည် တော်အဖြစ် တက်ရောက်ခဲ့သည်။
ကနက်စိန်သည် သဘင့်ဥသျှောင်၊ ဝဏ္ဏကျော်ထင်ဘွဲ့ ကိုလည်း ရရှိခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်မြသန်းနှင့် သားသမီးများ ဖြစ်သည့် မြမြစိန်၊ နိုင်ငံကျော် ဇာတ်မင်းသားကြီး ရဲစိန်၊ ညီဝင်းစိန်၊ ပြုံးပြုံးစိန်တို့ ကျန်ရစ်သည်။ ကနက်စိန်၏ မျိုးဆက်များက စိန်မဟာသဘင် ဇာတ်အဖွဲ့ကို တည် ထောင်ကာ ဆက်လက်ကပြခဲ့သည်။