ကနေရီငှက် ။ ။ ကနေရီငှက်ကို စပိန်နိုင်ငံ၊ ကနေရီကျွန်း စုတွင် မူလတွေ့ရသည်။ ၁၆ ရာစုနှစ်တွင် ထိုငှက်များကို လှောင်အိမ်ငှက်များအဖြစ်ဖြင့် ကနေရီကျွန်းမှ အီတလီ နိုင်ငံသို့ စတင် ယူဆောင်လာကြသည်။ ယခုအခါ တစ် ကမ္ဘာလုံး၌ ကနေရီငှက်များကို လှောင်အိမ်သွင်း၍ အလှ မွေးကြသည်။
ကနေရီငှက်သည် ဖင့်စာကလေးမျိုးရင်း တွင် ပါဝင်သည်။ အရိုင်းဘဝတွင် သူတို့၏အရောင်မှာ ညိုဝါဝါ သို့မဟုတ် ဝါစိမ်းစိမ်းဖြစ်သည်။ ကနေရီ ငှက်မ ကြီးသည် အသိုက်ဆောက်လုပ်၍ ဥများကို ဝပ်ပေးသည်။ ဥများမှာ အပြာရောင်ဖြစ်၍ တစ်မြုံလျှင် ဥလေးလုံးမှ ငါးလုံးအထိ ရှိတတ်သည်။ ငှက်ဖိုကမူ ငှက်ပေါက်စ ကလေးများကို အစာရှာကျွေးသည်။
ကနေရီငှက်သည် သဘာဝအလျောက် သီချင်းအဆို ကောင်းသော ငှက်ဖြစ်သည်။ အခြားငှက်များ၏ အသံများ ကိုလည်း အလွယ်တကူ အတုခိုးနိုင်သည်။
အချို့ကနေရီငှက်များကို သူတို့၏ လှပသော အတောင်များကြောင့် မွေးမြူကြသည်။ ကနေရီငှက်များ အတွက် အသင့်တော်ဆုံးအစာမှာ မြက်ပင်မျိုးစေ့၊ ပိုက်ဆံ ပင်မျိုးစေ့နှင့် စိမ်းစိုသောအစားအစာများပင် ဖြစ်သည်။
အရိုင်းဘဝတွင် အဆင်အသွေး အမျိုးမျိုးဆောင်၍ လှောင်အိမ်၌ မွေးမြူသောအခါ အနည်းငယ် ပြောင်းလဲ သွားတတ်သည်။