ကနူးလှေ ။ ။ ကနူးလှေမှာ လူတစ်ဦး သို့မဟုတ် တစ်ဦး ထက်ပို၍ ထိုင်လျက် သို့မဟုတ် ဒူးထောက် အနေအထား ဖြင့် လှော်ခတ်နိုင်သည့် အပေါ့စား လှေငယ်တစ်မျိုး ဖြစ် သည်။ အရှည် ၁၁ ပေမှ ပေ၂၀ (၃ ဒသမ ၄ မှ ၆ ဒသမ ၁ မီတာ)၊ အကျယ် ၃၅ လက်မမှ လက်မ ၄၀ (၈၉ မှ ၁၀၂ စင်တီမီတာ)၊ အနက် ၁၂ လက်မမှ ၁၄ လက်မ (၃၀ မှ ၃၆ စင်တီမီတာ) အထိရှိသော လှေတစ်မျိုးဖြစ်သည်။ ကနူး လှေကို အလူမီနီယံ၊ ဖိုင်ဘာ၊ ပလတ်စတစ်၊ ရော်ဘာ သို့မဟုတ် ရွက်ဖျင်စသည်တို့နှင့် တည်ဆောက်သည်။ ကနူးလှေအများစုမှာ ကုန်းပတ် မပါရှိဘဲ အချို့မှာမူ ကုန်း ပတ်အပိတ်နှင့် လှေလှော်ခတ်သူထိုင်ရန် အခန်းငယ်တို့ ပါရှိသည်။
ကနူးလှေ၏ဒီဇိုင်းမှာ ကိုင်တွယ်ထိန်းကျောင်းရန် မလွယ်ကူခြင်းနှင့် တည်ငြိမ်မှုရှိခြင်းဟူသော ဆန့်ကျင် ဘက် အခြေခံသဘောတရားနှစ်ခုဖြင့် တည်ဆောက်ထား သည်။ လှေဦးပိုင်းနှင့် ပဲ့ပိုင်း နှစ်ဖက်ကို ခပ်မြင့်မြင့် တည် ဆောက်ထားပါက ကိုင်တွယ်ထိန်းကျောင်းရန် လွယ်ကူ သည်။ သို့ရာတွင် အဆိုပါလှေမျိုးမှာ တည့်မတ်စွာသွားရန် မလွယ်ကူချေ။ လှေဝမ်းနှင့် ကြမ်းပြင်ပြားသော ကနူးလှေ များမှာမူ တည်ငြိမ်မှု ပိုရှိသော်လည်း ကိုင်တွယ်ထိန်း ကျောင်းရန် ခက်ခဲသည်။
ကနူးလှေကို လှေပြိုင်ပွဲကျင်းပခြင်း၊ ခရီးသွားခြင်း၊ စခန်း ချ ခရီးထွက်ခြင်းနှင့် အပန်းဖြေခြင်းတို့အတွက် အသုံးပြု သည်။ ကနူးလှေပြိုင်ပွဲများတွင် တာတို၊ တာဝေး ပြိုင်ပွဲ၊ ရေစီးသန်မြစ်ချောင်းအတွင်း ပြိုင်ပွဲများပါဝင်သည်။