ကနစိုပင်၊ ပင်လယ် ။ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ တနင်္သာရီ ကမ်းရိုးတန်းနှင့် ရခိုင် ကမ်းရိုးတန်း တစ် လျှောက်တို့တွင် ပင်လယ်ကနစိုခေါ် ရေကနစိုပင်တို့ ပေါက်သည်။ ထိုအပင်သည် အမြဲစိမ်းပင်မျိုးဖြစ်၍ မြန်မာ နိုင်ငံ၌ ထင်းဆိုက်ရန် အကောင်းဆုံး သစ်ပင်တစ်မျိုး ဖြစ်သည်။
ပင်လယ်ကနစိုပင်ကြီးများသည် အမြင့်ပေ ၆၀ မှ ၇၀ အထိ၊ ပင်စည်လုံးပတ် ၅ ပေမှ ၆ ပေ အထိ ရှိတတ် သည်။ ပင်လယ်ကနစိုသားသည် ခိုင်မာ၍ အလွန်လေး သည်။ အစိမ်းလိုက်ခွဲစိတ်မှ လွယ်ကူသည်။ အသား၏ အရောင်မှာ နီညစ်ညစ်ဖြစ်သည်။ ကနစိုသားကို တံတား တိုင်များနှင့် လှေကိုယ်ထည်များအဖြစ် အသုံးပြုရန် အထူးကောင်းမွန်သည်။ လှည်းဘီး၊ လှော်တက်၊ ရွက်တိုင် စသည်များအပြင် ပုဆိန်လက်ကိုင်ကဲ့သို့ ခိုင်ခံ့သော လက်ကိုင်နှင့် အရိုးများ ပြုလုပ်ရန်အတွက်လည်း အလွန် သင့်လျော်သော အသားဖြစ်သည်။
ကနစိုပင်သည် ရှင်သန်လွယ်၍ အစေ့ကိုဖြစ်စေ၊ ကိုင်းပြတ်ကိုဖြစ်စေ စိုက်ပျိုးနိုင်သည်။