ကနခိုပင် ။ ။ ကနခိုပင်များ မူလပေါက်ရာဒေသမှာ မလေး (ပသျှူး)ကျွန်းဆွယ်ဖြစ်၍ မြန်မာနိုင်ငံ အနှံ့အပြား ရှိ တောရွာများ၌ ခြံစည်းရိုး၊ ရွာစည်းရိုးတစ်လျှောက် စိုက်ပျိုးထားတတ်ကြသည်။ ကနခိုပင်သည် အမြဲစိမ်း သစ်ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁၅ ပေမှ ပေ ၂၀ ခန့်၊ ပင်စည်လုံးပတ် တစ်ပေခွဲမှ နှစ်ပေခွဲခန့်အထိ ရှိသည်။ ပင်စည်အခေါက် ချောမွတ်၍ မွဲပြာရောင်ရှိသည်။
သစ်သားအရောင်မှာ ဖြူ၍ မာကျော၏။ အရွက်များ မှာ ရှည်လျားလျားဖြစ်သည်။ တော်သလင်းလလောက် တွင် သေးငယ်သောအပွင့်များ ပွင့်သည်။ အပြင်ခွံ ချောနေ သော အသီးများမှာ ၁ လက်မ နီးပါးရှည်၍ သုံးမြှောင့် ဖြစ်ပြီးလျှင် အတွင်း၌ အစေ့များပါသည်။ အစေ့များမှာ ချောမွတ်လျက် လက်မဝက်ခန့်ရှည်ကာ မြေပဲစေ့နှင့် တူသည်။ ထိုအစေ့များသည် ဝမ်းသွားစေတတ်သောသတ္တိ ရှိသဖြင့် ဝမ်းနုတ်ဆေးများတွင် ထည့်သွင်းဖော်စပ်လေ့ ရှိသည်။