ကဒါဖီ၊ မွမ်မာ မိုဟာမက် အယ် (၁၉၄၂-၂၀၁၁)။ ။မွမ်မာ မိုဟာမက် အယ် ကဒါဖီကို လစ်ဗျားနိုင်ငံ၊ ဆာ့မြို့အနီး ကျေးလက်ဒေသတွင် ၁၉၄၂ ခုနှစ်၌ မွေးဖွားသည်။
ဘန်ဂါဇီမြို့ရှိ လစ်ဗျားစစ်တက္ကသိုလ်နှင့် အင်္ဂလန် နိုင်ငံ၊ ဆန်းဟတ်စ် ဘုရင့်စစ်တက္ကသိုလ်တို့တွင် တက် ရောက်ခဲ့ကာ လစ်ဗျားစစ်တပ်တွင် ဗိုလ်မှူးကြီးရာထူး အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကဒါဖီသည် ဘုရင် စနစ်ကို ဖြုတ်ချပြီး စစ်တပ်မှ အာဏာသိမ်းယူခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လစ်ဗျားနိုင်ငံကို ၄၂ နှစ်ကြာ အာဏာရှင်အဖြစ် အုပ်ချုပ်သည်။ ငယ်စဉ် ကတည်းက အီဂျစ်သမ္မတ နက်ဆာအား လေးစားခဲ့ပြီး အာရပ်အမျိုးသားရေးဝါဒနှင့် အာရပ်ဆိုရှယ်လစ်ဝါဒကို ယုံကြည်ခဲ့သည်။ သူသည် အာရပ်ကမ္ဘာအား စုစည်း၍ တစ်ခုတည်းသော အာရပ်နိုင်ငံ တည်ထောင်ရေးကို ကြိုးပမ်းခဲ့သည်။ ကဒါဖီသည် အာရပ်သမဂ္ဂကို စတင် ထူထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်ကာ ၂၀ဝ၉ ခုနှစ်တွင် အာရပ်သမဂ္ဂဥက္ကဋ္ဌရာထူးကို တာဝန်ယူ ထမ်း ဆောင်သည်။
ကဒါဖီသည် အစ္စရေးနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများကို အပြင်းအထန် ဝေဖန်တိုက်ခိုက်
ပြောဆိုလေ့ရှိပြီး ကမ္ဘာအနှံ့အပြားရှိ အနောက်နိုင်ငံများကို ဆန့်ကျင်တော်လှန်သော အကြမ်းဖက်သမားများကို အားပေးကူညီခဲ့သည်။
၂၀၁၁ ခုနှစ်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများမှ တစ်ဆင့် လစ်ဗျားနိုင်ငံ၌ ပြည်တွင်းစစ်ဖြစ်ပွားကာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်တွင် သူ၏မွေးရပ်မြေ ဆာ့မြို့အနီး၌ လက်နက်ကိုင်များ လက်ချက်ဖြင့် ကွယ်လွန်သည်။