ကတွတ်ပင်။ ။ ကတွတ်ပင်သည် ညောင်ပင်မျိုးတွင် ပါဝင်၍ အမြဲစိမ်းလန်းကာ ချုံပုတ်အကြီးစားကဲ့သို့ တည် ရှိသည်။ အခေါက်၊ အရွက်၊ အသီးနှင့်တကွ တစ်ပင်လုံးတွင် အမွေးနုများ ရှိသည်။ အသီးမှာ ဆီးဖြူသီးအရွယ်ခန့်ရှိ၍ အရောင်မှာ ဝါပြီးလျှင် အညိုရောင်အမွေးနုများ ဖုံးလွှမ်း နေသည်။ မြန်မာနိုင်ငံရှိ သစ်တောတိုင်းလိုလိုတွင် ကတွတ်ပင်များကို တွေ့ရပြီး မြန်မာနိုင်ငံအောက်ပိုင်း၌ ပိုမိုတွေ့ရှိရသည်။ ကတွတ်သီးမှည့်ကို လတ်လတ်ဆတ် ဆတ် ဖြစ်စေ၊ ယိုထိုး၍ဖြစ်စေ စားသုံးကြသည်။