ကချင်လူမျိုး။ ။ ကချင်ဟူသော ဝေါဟာရနှင့် ပတ်သက် ၍ အချို့သုတေသီတို့က ထင်မြင်ချက်အမျိုးမျိုးပေး၍ ရေးသားကြသည်။ ကချင်လူမျိုးတို့က မိမိတို့ကိုမိမိ ဂျိန် ဖော့ဟု ခေါ်ဆိုကြသည်။ ရှမ်းဘာသာစကားများက 'စိန်' ဟု ခေါ်ကြသည်။ ရောစပ်သော အမျိုးထဲမှ ပေါက်ဖွား လာသော လူမျိုးစုဟု အဓိပ္ပာယ်ရသည်။ တရုတ်လူမျိုး တို့က ရီဂျင်း သို့မဟုတ် ရှန်ဖူဟု ခေါ်ဆိုကြသည်။ တောင် ပေါ်သားများကို ခေါ်ဆိုခြင်းဖြစ်သည်။ မြန်မာတို့က ကချင်တို့အား ဂါးစဉ်ဟု ခေါ်ဆိုကြသည်။ မြန်မာဘာသာ ဖြင့် ဂါးစဉ်ဟု ခေါ်ဆိုရာမှာ ဂါးနေရာတွင် 'ဂ'ကို အစားထိုးအသုံးပြုကြ၏။ သို့ရာတွင် 'က' နှင့် 'ဂ' တို့ နေရာတွင် 'က'ကို ထည့်သွင်းပြီး နောက်ပိုင်းကာလ ရွေ့လျားလာ သောအခါ 'ကချင်' ဟု စတင်ခေါ်ဝေါ်လာခြင်းဖြစ်သည်။ နောက်ပိုင်း မြန်မာစာပေများ၌ ကချင်ဟူ၍လည်းကောင်း၊ သိန်းဖော့ဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။
၁၉ ရာစုသို့ ရောက်သောအခါ အချို့က ကချင် တောင်တန်းသားများကို 'ကချင်' ဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့ရာ ယနေ့အထိဖြစ်သည်။ ၁၉၀ဝ ပြည့်နှစ် နောက်ပိုင်းတွင် အချို့သော ဘာသာစကားဆိုင်ရာ ပညာရှင်များက ဂျိန် ဖော့ စကားပြောသူများကိုသာ ကချင်အဖြစ် လက်ခံခဲ့ သဖြင့် ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ပေါ်ပေါက်ခဲ့သော မြန်မာ့စွယ်စုံကျမ်း၌ ဂျိန်ဖော့နှင့် သိန်းဖော့ကိုသာ ကချင် အဖြစ် ဖော်ပြခဲ့သည်။
ကချင်လူမျိုးတို့အဆိုအရ မိမိတို့သည် ခြင်း (ပလိုင်း)ကို အမြဲတစေလွယ်လျက်ရှိသဖြင့် 'ကချင်'ဟု သမုတ်ခြင်း ဖြစ်သည်။ အကြောင်းမှာ ဂျိန်ဖော့ဘာသာစကားထဲမှ 'က'ကို မြန်မာဘာသာဖြင့် 'ခြင်း'ဟု အဓိပ္ပာယ်ရ၏။ သို့ရာ တွင် နှစ်ဘာသာစကားဖြင့် ခေါ်ဆိုဖန်များသောအခါ (က+ခြင်း = ကချင်) ဟူ၍ ခေါ်ဆိုကြောင်း တင်ပြကြ၏။ သို့သော် အချို့က 'ကချင်'ဟု ခေါ်ဆိုရာ၌ 'က' ကို ကခုန် ခြင်းဟုလည်းကောင်း၊ 'ချင်'ကို နှစ်သက်ခြင်းဟုလည်း ကောင်း ယူဆကြ၏။ ကခုန်ခြင်းကို နှစ်သက်သော လူမျိုးဟု ဆိုလိုရင်း ဖြစ်သည်။
၁၈၉၀ ပြည့်နှစ်တွင် ကချင်ဟု ခေါ်ဆိုလာကြသည်။ ၁၉၃၇ ခုနှစ်တွင် ကချင်ဒေသသို့ ရှေးဦးစွာ ရောက်ရှိလာ သော အမေရိကန်သာသနာပြုဆရာကြီး ယူဂျင်းနီယို ကင်းကိတ်သည် မိုးကောင်းမြို့သို့ ရောက်ရှိသောအခါ ကချင်စော်ဘွားတစ်ဦးကို မေးမြန်းရာ၌ ဂါးစဉ်ဘူးနီဟု ပြန်ဖြေသည်။ ဂါးစဉ်မှာ မြေနီဟု အဓိပ္ပာယ်ရသည်။ သို့သော် ကင်းကိတ်က ဂါးစဉ်ကို လူမျိုးအမည်ဟု ထင် မှတ်ပြီး 'ဂါချင်' ဟု ရေးမှတ်သွားရာမှ ကချင်ဟူ၍ ဖြစ်ပေါ် လာခဲ့သည် ဆိုသည်။
၁။ ဂျိန်ဖော့မျိုးနွယ်စု
ဂျိန်ဖော့မျိုးနွယ်စုသည် ကချင်ပြည်နယ်အတွင်း များစွာ ပျံ့နှံ့နေထိုင်ကြသော်လည်း ဗန်းမော်ခရိုင်၊ တနိုင်း မီးရထားလမ်းတစ်လျှောက်ရှိ မြို့နယ်များတွင် ပိုမို၍ နေ ထိုင်ကြသည်။ ထို့ပြင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း အနည်းငယ် ပျံ့နှံ့နေထိုင်ကြသည်။ ဂျိန်ဖော့မျိုးနွယ်စုတွင် ထူးခြား သော ရိုးရာအကတစ်ခုရှိသည်။ ၎င်းမှာ ထောင်ကာအက ဖြစ်သည်။ ရိုးရာ ထောင်ကာအကသည် ရိုးရာတူရိယာများ ဖြစ်သော မောင်း၊ ဗုံရှည်၊ လင်းကွင်း၊ ပလွေစသည်တို့ တီးခတ်၍ အမျိုးသား၊ အမျိုးသမီးများ စုံညီစွာ ကရသော အကဖြစ်ပြီး အခမ်းအနားများတွင် ကပြဖျော်ဖြေလေ့ ရှိ ကြသည်။
၂။ ရဝမ်မျိုးနွယ်စု
ရဝမ်မျိုးနွယ်စုသည် ကချင်ပြည်နယ် အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ နောင်မွန်းမြို့နယ် များတွင် များပြားစွာနေထိုင်ကြပြီး မြစ်ကြီးနား၊ ဖားကန့် နှင့် ဆွမ်ပရာဘွမ်မြို့နယ်များတွင် ပျံ့နှံ့ နေထိုင်ကြသည်။ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်နှင့် မန္တလေးတိုင်းဒေသ ကြီး ပြင်ဦးလွင်မြို့နယ်၊ ရန်ကုန်မြို့၊ ထိုင်းနိုင်ငံ ချင်းမိုင် မြို့များတွင် အနည်းငယ် ပျံ့နှံ့နေထိုင်ကြသည်။ ရဝမ် မျိုးနွယ်စုတွင် ထင်ရှား၍ ထူးခြားသော လက်မှုပညာ တစ်ရပ် ရှိသည်။ ၎င်းမှာ ရဝမ်အမျိုးသားဝတ်စုံဖြစ်သော သိုးမွေးဖြင့် ဒီဇိုင်းဖော်ရက်လုပ်ထားသော ရိုးရာအင်္ကျီနှင့် ကြိမ်ဖြင့် အနုစိတ်ရက်လုပ်ထားသော ဝက်စွယ်တပ်ထား သည့် ဦးထုပ်ဖြစ်သည်။
၃။ လီဆူမျိုးနွယ်စု
လီဆူမျိုးနွယ်စုများသည် ပူတာအို၊ မချမ်းဘော၊ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ ဆဒုံး၊ ဖားကန့်မြို့နယ်များတွင် ပျံ့နှံ့ နေထိုင်ကြသည်။ ရှမ်းပြည်နယ်တွင် ကွတ်ခိုင်၊ မိုးမိတ်၊ နမ့်ခမ်း၊နောင်ချို၊ လားရှိုး၊ တောင်ကြီး၊ လွယ်လင်၊ နမ့်စန်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များ၊ မန္တလေးတိုင်းဒေသကြီးတွင် ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကသာ၊ အင်းတော်၊ ခန္တီးမြို့များ၊ ရန်ကုန်မြို့နှင့် တရုတ် နိုင်ငံ၊ ထိုင်းနိုင်ငံတို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ လီဆူ မျိုးနွယ်စုတို့၏ ရိုးရာဝတ်စုံမှာလှပပြီး နေထိုင်ရာဒေသ အလိုက် ဝတ်စားဆင်ယင်မှုမှာ ကွဲပြားခြားနားသည်။ လီဆူမျိုးနွယ်စုတို့၏ ထင်ရှားသော ရိုးရာဓလေ့မှာ (ခေါ့ရှိ)နှစ်သစ်ကူးပွဲတော် ဖြစ်သည်။ ထို့ပြင် ဓားတက်ခြင်း၊ မီးနင်းခြင်းစသည့် ထူးခြားအံ့သြဖွယ်ရာ ရိုးရာဓလေ့များ လည်း ထင်ရှားသည်။
၄။ လော်ဝေါ်မျိုးနွယ်စု
လော်ဝေါ်မျိုးနွယ်စုများသည် ဗန်းမော်ခရိုင် မြစ်ကြီး နား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ ဆဒုံး၊ ဖားကန့်၊ တနိုင်း၊ ဆွမ်ဘရာဘွမ်မြို့နယ်များတွင် များစွာ နေထိုင်ကြသည်။ ရှမ်းပြည်နယ်တွင် ကွတ်ခိုင်၊ မိုးမိတ်၊ သိန္နီ၊ ကွမ်းလုံ၊ နောင်ချို၊ လားရှိုး၊ တောင်ကြီး၊ မူဆယ်မြို့များနှင့် မန္တလေး တိုင်းဒေသကြီး မိုးကုတ်၊ ပြင်ဦးလွင်မြို့နယ်များ၊ ရန်ကုန် တိုင်းဒေသကြီး စသည်တို့တွင် နေထိုင်ကြသည်။ လော် ဝေါ်မျိုးနွယ်စုတို့၏ များစွာရှိသော ရိုးရာဓလေ့မှထင်ရှား သောအရာမှာ လောင်ဇွမ်သစ်ခွချည်မျှင် ရက်လုပ်မှု ဖြစ် သည်။ လောင်ဇွမ်သစ်ခွချည်မျှင်ဖြင့် ရက်လုပ်ထားသော အဆင်တန်ဆာပစ္စည်းကို အမျိုးသမီးအင်္ကျီများတွင် မြတ်နိုးစွာ တပ်ဆင်၍ ဝတ်ဆင်လေ့ရှိသည်။
၅။ လာချိဒ်မျိုးနွယ်စု
လာချိဒ်မျိုးနွယ်စုများသည် ဗန်းမော်ခရိုင် မြစ်ကြီး နား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ ဆဒုံး၊ ဖားကန့်မြို့နယ် များတွင် များစွာနေထိုင်ကြပြီး ရှမ်းပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး စသည်တို့တွင် နေထိုင်ကြသည်။ လာချိဒ်မျိုးနွယ်စုတွင် ရိုးရာဓလေ့ များစွာရှိသော်လည်း ဇောမ့်ဂေါနှင့် ဂျီဂေါအကမှာ ထင် ရှား၍ အခမ်းအနားများ၊ ပွဲတော်များတွင် ကလေ့ရှိသည်။
၆။ ဇိုင်ဝါးမျိုးနွယ်စု
ဇိုင်ဝါးမျိုးနွယ်စုများသည် ဗန်းမော်ခရိုင်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ ဆဒုံး၊ ဖားကန့်မြို့နယ်များ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တရုတ်နိုင်ငံတို့တွင် ပျံ့နှံ့ နေ ထိုင်ကြသည်။ ဇိုင်ဝါးမျိုးနွယ်စုအား အဇီးဟုလည်း ခေါ်ဆို ကြသည်။ ဇိုင်ဝါးမျိုးနွယ်စုတွင် ရိုးရာဓလေ့များစွာရှိပြီး ထင်ရှားသော လက်မှုပညာရပ်မှာ ဆန်းသစ်တီထွင်ထား သော ရိုးရာလွယ်အိတ်နှင့် ဂျပ်ခုတ်လုံချည် ရက်လုပ်ခြင်း တို့ဖြစ်သည်။