ကကြိုးတန်ဆာ။ ။ ဆင်သတ္တဝါ၏ ကျောကုန်းပေါ်တွင် လူထိုင်၍ စီးနင်းလိုက်ပါနိုင်ရန်တင်ထားသည့် ပစ္စည်းကို 'က' ဟု ခေါ်ဆိုသည်။ ထို 'က'ကို ဆင်ကျောကုန်းပေါ်တွင် နေသားတကျ တင်ထားပြီးနောက် ခိုင်ခိုင်မာမာ တည်မြဲ နေရေးအတွက် 'က' ၏ ဘေးတစ်ဖက်တစ်ချက်တွင် ကြိုးတစ်ချောင်းစီ တပ်ဆင်ရသည်။ ထိုကြိုးနှစ်ချောင်းကို ဆင်၏ ဝမ်းဗိုက်ပိုင်းတွင် ခိုင်မြဲစွာပတ်၍ ချည်နှောင်ထားရ သည်။ ထို့အတူ 'က' ၏ရှေ့ဘက်တွင် ကြိုးတပ်ဆင်၍ ဆင်၏လည်ပင်းပိုင်းနှင့်လည်းကောင်း၊ 'က' ၏နောက် ဘက်ရှိကြိုးကို ဆင်၏မြီးထူးပိုင်းနှင့်လည်းကောင်း ခိုင်မြဲ စွာ ချည်နှောင်မှုပြုရသည်။ ဤသို့အားဖြင့် 'က' ကို ကြိုး များဖြင့် ခိုင်မြဲအောင် တုပ်နှောင်မှုပြုရခြင်းကြောင့် 'ကကြိုး'ဟူသော ဝေါဟာရ ပေါ်ပေါက်လာသည်။
၁။ စွယ်ခွေး ၂။ မျက်နှာတပ် ၃။ ဦးကင်းဖုံး ၄။ နားဆွဲ ၅။ လည်ဆွဲ ၆။ ရတနာကြိုး ၇။ ခြေကျင်း ၈။ လက်ကောက်
ထိုတွင်မက ဆင်မင်းခန္ဓာကိုယ်တွင် တပ်ဆင်ထား သည့် ရတနာဦးကင်းတော်ဖုံး၊ ရတနာမျက်နှာတော်တပ်၊ ရတနာစွယ်ခွေးတော်၊ ရတနာလည်ဆွဲတော်၊ ရွှေချူတော်၊ ရတနာ လက်ကောက်၊ ရတနာ ခြေချင်းတော်များ အကြောင်းကို ဆင်ဖြူတော်သိမ်း စာတမ်းတွင် ဖော်ပြ ထားသည်။ မင်း၊ မိဖုရား၊ မင်းဆွေမင်းမျိုးတို့ စီးနင်းသည့် ဆင်တို့အတွက် ကကြိုးတန်ဆာများမှာ အဆင့်ဆင့် သတ်မှတ်ပေးထားမှု ပြုရသည်။ စစ်သူကြီးမှအစ မှူးမတ် အရာရှိတို့ စီးနင်းသည့် ဆင်များအတွက် အောက်ပါ ကကြိုးတန်ဆာနှစ်မျိုးကို ခွဲခြားသုံးစွဲခွင့်ပြုထားသည်-
(၁) ဆင်ပေါင်းဝန်းအချက် အထွတ်ရွှေ၊ အမိုးရွှေ နှစ်စု အနီတစ်စု၊ ကာတောင် ရွှေပြည့်ရေး၊ ကရွှေခွက်နှစ်စု အနီတစ်စု၊ ရဲကခွက်ရွှေနှစ်စု အနီတစ်စု၊ ကာတောင်
ရွှေပြည့်ရေး၊ အလံကျည်လှ ကျည်ရင်း ပျားရွှေ ၁ိ သက္ကလတ်ဖဲကွပ် ဆင်ကြိုး။
(၂) ဆင်ပေါင်းဝန်းအထွတ် ရွှေအမိုးအနက်၊ ကာတောင် အရပ်ရွှေအလယ်ကြာပွင့်၊ ကခွက်ရွှေတစ်စု အနီ နှစ်စု။ ရဲကခွက်အနီ၊ ကာတောင်အရပ် ရွှေအလယ် ကြာပွင့်၊ အလံကျည် လှံကျည်အနီသုတ်၊ သက္ကလတ် ကြိုးလုံး။
မြင်းသတ္တဝါ၏ ကျောကုန်းပေါ်တွင် တင်ထားသည့် စီးနင်းသူအတွက် ထိုင်စရာပစ္စည်းသည်လည်း 'က' ပင် ဖြစ်သည်။ သို့သော် 'ကုန်းနှီး' ဟူသော သီးခြားအမည်ဖြင့် လည်း ခေါ်ဆိုသည်။ ဆင်က လောက် ကြီးကျယ်ခမ်းနားမှု မရှိသော်လည်း ပစ္စည်း အစိတ်အပိုင်းအားဖြင့် ထူးခြား ဆန်းပြားစွာ မွမ်းမံ တန်ဆာဆင်ထားကို တွေ့ရပါသည်။ 'မြင်းကကိုင်း၊ ဥက္ခတ်သက္ကလတ်ကြိုး သက္ကလတ်စီးနှီး၊ ကတောင်ရွှေရေး၊ သက္ကလတ်မြီးပျမ်းနှင့် သက္ကလတ်တင် ရန်း' တို့၏ပုံများကို တိတိကျကျရေးဆွဲ ဖော်ပြထားသည်။
မြင်း၏ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် ပြည့်ပြည့်စုံစုံ ရေးဆွဲထားသည့် 'ရွှေကြိုး ရွှေကတင်' မြင်းနှင့်အတူ ဘုရင်မင်းမြတ်၏ ထွက်တော်မူအခမ်းအနားတွင် ရွှေကြိုး ရွှေကတင်မြင်းရုပ်ပုံများကိုလည်း ပီပီပြင်ပြင် တွေ့မြင်ရ သည်။
၁။ ဇက်ပကာ ၂။ ဦးခက် ၃။ မေးတွကြိုး ၄။ ကုန်းနှီး ၅။ မြီးပျမ်း ၆။ သက္ကဒါန် ၇။ တင်ရန်း ၈။ နင်းကွင်း ၉။ ကတောင်
မြင်း 'က' တွင်ပါဝင်သည့် အစိတ်အပိုင်း အဆင် တန်ဆာများမှာ 'မြင်းကကိုင်းညောင်ရွက် ၇၊ သမ္ဘရာ ခွံရက်ဖောက်ကတောင်ဆွဲ၊ ဆက်ဖားကာရွှေဇဝါပိန်း၊ နင်းနှင်းသိပ်၊ အိမ်မြှောင်ရင်ဘတ်ကွင်း ငွေဇဝါ၊ ကတောင် ရွှေရေး စာမရီရုပ်ပန်းခက်ကိုက်အနားသံ ၄ သစ်' တို့ပင် ဖြစ်သည်။ ဦးခေါင်းပိုင်း အဆင်တန်ဆာအဖြစ် 'ရွှေပိန်း ဦးခက်ထိပ်ဆောင်း'ကိုလည်းကောင်း၊ ခန္ဓာကိုယ် နောက် ပိုင်းနှင့် ရှေ့ပိုင်းတွင် 'မြီးပျမ်း' (ဖြန်း) ရင်ဘတ်ကတ္တီပါကြိုး ရွှေကြယ်တပ်တို့ကိုလည်းကောင်း တွေ့ရသည်။ ခန္ဓာ ကိုယ် အလယ်ပိုင်း ဘေးတစ်ဖက်တစ်ချက်တွင် 'စီးနှီး သက္ကဒါန်၊ ကတ္တီပါတင်ရန်း ဆက်ယွန်း ၃ ဆင့်' တို့ကို တွေ့ရသည်။ စီးနင်းသူ၏ အဆင့်အတန်း ရာထူးအလိုက် ညောင်ရွက်အရေအတွက် 'ရွှေရေး၊ ရွှေဇဝါ၊ ငွေဇဝါ' သုံးစွဲမှု ကတ္တီပါ သက္ကလတ် စသည်ဖြင့် ခွဲခြား သတ်မှတ် ပေးမှုများ ရှိသည်။
ကကြိုးတန်ဆာဝေါဟာရကို ဆင်၊ မြင်းတို့နှင့် ပတ် သက်၍သာ အဓိကထား၍ ဖော်ပြလေ့ရှိကြသည်။ ဤ ဝေါဟာရသည် နွားသတ္တဝါနှင့်လည်း သက်ဆိုင်နေသည်။ နွား၏ကျောပေါ်တွင် 'က' တင်၍စီးနင်းမှု မရှိသော်လည်း လှည်းယာဉ်နှင့် ချိတ်တွဲဆွဲငင်မှုပြုကာ လူအများ စီးနင်း လိုက်ပါကြသည်။ နန်းမှုနန်းရာပိုင်းတွင် မိဖုရား၊ မင်း သမီး၊ နန်းတွင်းသူ၊ ကတော်မယားတို့အတွက် သုံးစွဲခဲ့ပုံ များကို ပုရပိုက်ပန်းချီများဖြင့် မှတ်တမ်းတင်ထားခဲ့ ပါသည်။ ဤနည်းဖြင့် အခမ်းအနားများတွင် အမျိုးသမီး များအတွက် နွားလှည်းယာဉ်များ ပါဝင်လိုက်ပါခဲ့ကြခြင်း ပင် ဖြစ်သည်။ ရှင်ပြုနားသပွဲများတွင် ဆင်စီး မြင်းရံခြင်း နှင့်အတူ လှည်းယာဉ်ယှဉ်တွဲလိုက်ပါလာသည့် ကကြိုး တန်ဆာ ဆင်ယင်ထားသည့် နွားတို့၏ လှရုပ်သွင်ပြင်ကို တွေ့မြင်နိုင်သည်။
နွားနှင့်ပတ်သက်၍ နွား၏ဦးခေါင်းပိုင်းရှိ 'ထိပ်အုပ်' အဆင်တန်ဆာ၊ နွား၏ရင်ကို သိုင်းပတ် တန်ဆာဆင်ထား သည့် 'ရင်သိုင်း' တန်ဆာ၊ နွား၏ လည်ပင်းတွင် တပ်ဆင် ထားသည့် သားရေဖြင့် ပြုလုပ်ထားသော လည်ပတ်ကြိုး တန်ဆာ၊ ထိုလည်ပတ်ကြိုးတွင် ကြေးမှိုပွင့်များတပ်ဆင်ထားမှုနှင့်အတူ ကြေးဝါချူလုံးများကိုပါ တပ်ဆင်ထား သည်။ နွား၏ အမြီးအောက်မှ ရစ်သိုင်းပြီး ကျောပေါ် တည့်တည့် သွယ်တန်းထားသည့် မြီးသိုင်းကြိုးတန်ဆာ၊ ထိုကြိုးမှ ပေါင်တင်ပါးတစ်ဖက်တစ်ချက်တွင် ကြိုးဖြင့် ချိတ်ဆွဲထားသည့် ပန်းဖွားကလေးများဖြင့် အလှဆင်ထား သည်။ ထိုနွား၏ ကကြိုး အဆင်တန်ဆာများကို ပျော်ဘွယ် မြို့နယ်၊ ညောင်ရမ်း၊ ရွှေကူ၊ ရွှေယင်မျှော်ရွာများ တွင် ဝယ်ယူရရှိနိုင်သည်။
အထူးလေ့ကျင့်ထားပြီး လိမ္မာသည့် နွားချောနွားလှ တစ်ရှဉ်းကို 'နွားနင်း၊ နွားပြေး' ဟု ခေါ်ဆိုသည်။ ချူလုံး တွင်လည်း အထူးပြုလုပ်ထားသည့် သံဖို၊ သံမ ထွက်သည့် ချူလုံးများကို နွားတွင် ချိတ်ဆွဲသည်။ ကကြိုးတန်ဆာ စုံလင်စွာဆင်ထားသော နွားကို ခြောက်စထောင် လှည်း ယာဉ်တွင်သာ ကလေ့ရှိသည်။
[ ဦးထွန်းရီ (ရှေးဟောင်း သုတေသီ) ]