ကကူရံ ။ ။ ကကူရံသည် ပင်လယ်ငါးမျိုးဖြစ်၍ ရခိုင်ပြည် နယ်ဘက်တွင် ငါးလက်ခွာ၊ ထားဝယ်ဘက်၌ ငါးကွဲရင်ဟု ခေါ်တွင်သည်။ နိုင်ငံခြားတွင် အိန္ဒိယဆယ်မန်ဟု ခေါ်ကြ သည်။ သတ္တဗေဒအလိုအရ ကကူရံသည် ငါးပုဏ္ဏားနှင့် အတူ'ပေါ်လီနီမီဒို'မျိုးရင်းတွင် ပါဝင်၍ ဤငါးနှစ်မျိုးစလုံး ပင် မြန်မာနိုင်ငံ၌ လူကြိုက်များလွန်းသဖြင့် အရောင်းရ တွင်ကျယ်သည်။
ကကူရံသည် ၆ ပေကျော်အထိ ရှည်နိုင်သည်။ နှာရောင်ပွ၍ဝိုင်းသည်။ မျက်လုံးကြီးသည်။ ပါးစပ်ကြီး၍ ပါးစပ်ပေါက်နက်သည်။ ကျောဆူးတောင် နှစ်ခုပါ၍
ထင်ရှားပေါ်လွင်သည်။ အမြီးခွနက်သည်။ အနားကြမ်း မျိုးဖြစ်သည့် အကြေးများမှာ သေးငယ်၍ ဒေါင်လိုက်ပေါက် သော ဆူးတောင်များအထိပင် ဖုံးအုပ်နေတတ်သည်။ ငါး၏ အရောင်မှာ အစိမ်းနှင့် ငွေရောင် ရောစပ်ထားသော အရောင်မျိုးဖြစ်၍ ကိုယ်နံဘေးနှင့် ဝမ်းဗိုက်ပိုင်းတွင် ဖြူ ဝါရောင်သို့ ပြောင်းသွားသည်။ ကျောနှင့် အမြီးဆူးတောင် ထိပ်ဖျားတို့မှာ မည်း၍ သေးငယ်သော အမည်းပြောက် ကလေးများ ပါသည်။ ဝမ်းနှင့် စအိုဆူးတောင်တို့၏ အနား တစ်လျှောက်တွင် အဝါနုရောင်သန်းနေသည်။ ပါးဟက်ဖုံး ပေါ်တွင် အမည်းကွက်တစ်ခုစီ ပါရှိသည်။ ကကူရံသည် အဆိပ်အတောက် ကင်းသဖြင့် လူများ၊ လူနာများ စား သုံးနိုင်သော ငါးမျိုးစာရင်းတွင် ထည့်သွင်းထားသည်။ ကကူရံကို မြန်မာနိုင်ငံပင်လယ်မှ အမြောက်အမြား ဖမ်းဆီးရမိလေ့ရှိပြီး လတ်ဆတ်စွာ ရောင်းချရန်ထက် ငါးပုပ်ခြောက်များ၊ ငါးခြောက်များပြုလုပ်၍ ရောင်းချ စားသောက်လေ့ ရှိကြသည်။
မြန်မာ့ စွယ်စုံကျမ်းအတွဲများကို အွန်လိုင်းတွင် ဖတ်ရှုနိုင်ရေးအတွက် စာပေဗိမ္မာန်၏ ကနဉီး ကြိုးစားအားထုတ်မှု ဖြစ်ပါသည်။ စမ်းသပ်တည်ဆောက်ထားသော အဆင့်သာ ရှိသေးသည့် အတွက် အခြားသော အွန်လိုင်းစွယ်စုံကျမ်းများ ကဲ့သို့ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် ဆက်လက်ကြိုးစားလျက် ရှိပါသည်။ ထိုသို့ ဆက်လက်လုပ်ဆောင်ရာတွင် စာဖတ်သူများ၏ ထူးခြားကောင်းမွန်သည့် အကြံပြုချက်များကိုလည်း လိုအပ်သလို ထည့်သွင်း အသုံးပြုသွားမည် ဖြစ်ပါသဖြင့်၊ အကြံပြုချက်များကို ဖုန်းနံပါတ် 123456799 နှင့် အီးမေးလ်လိပ်စာ xxx@yyyy.com သို့ 30 April 2021 နောက်ဆုံးထား ပေးပို့ နိုင်ပါသည်။