Myanmar Encyclopedia

ကကတစ် ။ ။ ကကတစ်သည် မြန်မာတို့၏ ဟင်းလျာ ငါးတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံကမ်းရိုးတန်း တစ်လျှောက် ၌ တွေ့နိုင်သည်။ သတ္တဗေဒအလိုအရ ငါးတောက်တူ၊ ကသမြင်၊ ငါးစင်စပ် စသည်တို့နှင့်အတူ 'ပါစီဒို'မျိုးရင်းတွင် ပါဝင်သည်။ ကကတစ်၏ ကိုယ်သည် ပြား၍အနည်းငယ် ရှည်လျားသည်။ နှာတံတို၍ အောက်မေး ရှေ့သို့ငေါထွက် နေသည်။ ခေါင်း၏ဘေး တစ်ဖက်တစ်ချက်တွင် ကြီးမား သော မျက်လုံးရှိသည်။ ကျောဆူးတောင်နှစ်ခုပါ၍ ရှေ့ဆူး တောင်တွင် မာကျောသော ဆူးရိုးများပါရှိသည်။ အမြီးမှာ ထိပ်ဝိုင်းမျိုး ဖြစ်သည်။ အကြေးများမှာ မကြီးမငယ်ဖြစ်၍ အနားကြမ်းအကြေးမျိုး ဖြစ်သည်။ အရောင်မှာ မွဲပြာ ရောင်ဖြစ်၍ ကျောပိုင်းတွင် အစိမ်းရောင်၊ ဝမ်းဗိုက်တစ် လျှောက်တွင် အဖြူရောင်သန်းနေသည်။ သာမန်အားဖြင့် တစ်ပေခွဲသာသာ ရှိသော်လည်း တစ်ခါတစ်ရံ အရှည် ငါးပေ၊ အလေးချိန် ၅၅ ပိဿာခန့်အထိ ရှိနိုင်သည်။ ဤငါး၏ စည်ဖောင်းများမှ အတော်အသင့် ကောင်းမွန် သော ငါးစည်ဖောင်းကော်ကို ပြုလုပ်ရရှိနိုင်သည်။ ကကတစ်အရွယ် အကြီးစားငါးကို ကသပေါင်းဟူ၍ ခေါ် ကြသည်။

ကကတစ်ငါး

ပင်မစာမျက်နှာသို့


မြန်မာ့ စွယ်စုံကျမ်းအတွဲများကို အွန်လိုင်းတွင် ဖတ်ရှုနိုင်ရေးအတွက် စာပေဗိမ္မာန်၏ ကနဉီး ကြိုးစားအားထုတ်မှု ဖြစ်ပါသည်။ စမ်းသပ်တည်ဆောက်ထားသော အဆင့်သာ ရှိသေးသည့် အတွက် အခြားသော အွန်လိုင်းစွယ်စုံကျမ်းများ ကဲ့သို့ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် ဆက်လက်ကြိုးစားလျက် ရှိပါသည်။ ထိုသို့ ဆက်လက်လုပ်ဆောင်ရာတွင် စာဖတ်သူများ၏ ထူးခြားကောင်းမွန်သည့် အကြံပြုချက်များကိုလည်း လိုအပ်သလို ထည့်သွင်း အသုံးပြုသွားမည် ဖြစ်ပါသဖြင့်၊ အကြံပြုချက်များကို ဖုန်းနံပါတ် 123456799 နှင့် အီးမေးလ်လိပ်စာ xxx@yyyy.com သို့ 30 April 2021 နောက်ဆုံးထား ပေးပို့ နိုင်ပါသည်။